Saturday, June 7, 2014

ဥပက္ခာ "အပြုံး"


အိမ်မက် နတ်သမီး ရဲ့
အ.ပြုံး..လဲ့..ပြာပြာ
အောက်မှာ
ငါစိတ်ကူးတွေလဲ
ညစ်နွမ်းခဲ့ရပါပြီ
ဆွေးမပြေသူ
ဒီရင်ခွင်က
ကျိန်စာသင့်
နှလုံးသားကို
ရွက်ဖတ်သရဇ္ဈယ်ရင်း
လူသားတစ်ယောက်
မင်းရဲ့ အလှအပ ကို
မင်းမသိတဲ့
ကမ္ဘာတစ်နေရာကနေ
မင်းအကြောင်းတွေ တွေးပြီး
ဒီဘ၀ ဆုံနိုင်ခွင့်ရှိမှာလား
ငါစဉ်းစာနေမိတယ်။
ငါအကြိမ်ကြိမ်
စဉ်စားရင်း
မတွေးတတ်အောင် ပဲ
ဒီရင်ထဲတစ်သက်လုံး
မမေ့ နိုင်တော့မဲ့
အပြုံးတစ်ခု ကိုယ်ရရှိခဲ့ပြီ။
ရူးလောက်မတတ်
ဒီနှလုံးသားက
လွမ်းပူဟပ်၍
ကျိုးပြတ်သည့်
အပြုံးအိမ်မက်လေးရယ်
ဝေးသွားတာကိုမုန်းနေမိတယ်။



နေသွေးသစ်

No comments:

Post a Comment