Saturday, June 7, 2014

ဆောင်းရာသီ

အဖြူရောင်နံနက်ခင်းနဲ့အတူ
ဆောင်းရာသီ နှင်းတွေကြားမှာ
မြန်မာပြည်ကိုအမှတ်ရစေလို့
သတိရခွင့်တော့ ပေးလှည့်ပါ။
အအေးချိန်လွန်ကဲမှုနဲ့အတူ
ကမ္ဘာမြေပြင် တစ်ဖက်ကနေ
သေခြင်းမဲ့ "အသည်းနှလုံး "က
ကျော့မော့သော ဆောင်းရာသီ ကို
"အံတု" ရေးခြစ်မိတော့လွမ်းခြင်း
မျော်လင့်ခြင်းဆောင်းရာသီမှာ
ရင်ထဲ ဖူးပွင့်နေသောနှင်းငွေ့တွေ
အေးစက်မူ့ရဲ့ရှေ့ကတိုက်ခက်နေတဲ့
" လေ" ဆောင်းရာသီကို ချွေချသွားလို့
ကြွေကျနေတဲ့ နှင်းပွင့်လေးတွေ
အော်။။။ဆောင်းရာသီ။။ဆောင်းရာသီ
ချူချ ။ ချွေချ ။ ဆွဲဖဲ့ချလို့
"လွမ်း" ခြင်း တွေ လဲ အေးစက် နေသည်။



နေသွေးသစ်

No comments:

Post a Comment