Saturday, June 7, 2014

သဘာဝအလှတရား





ညနေ နေလုံးကြီးဟာတောင်စွယ်မှာတိုးဝင်အိပ်စက်ဖို့ တစ်ရွေ့ရွေ့လျှော့စင်း
လာလိုက်တာ နောက်ဆုံးလက်ကျန်အလင်းရောင်ကို အုံ့အုံ့ဆိုင်းဆိုင်းရှိနေ
တဲ့ တိမ်တိုက်တွေကိုပေးကမ်းဖို့ သူ့တာဝန်ကိုအစွမ်းကုန်ကြိုးစားရင်း လွမ့်စိမ့်
အရောင်အသွေးတွေက ယှက်ဖြာနေတယ်..။သူပေးလိုက်လိုက်တဲ့ အဖြူရောင်ဟာ
တိမ်တိုက်တွေနဲ့ အတွေ့မှာခန့်ညားမှူတွေပါတဲ့မဟော်ဂနီ ပြတ်သားစွာ တစ်ဦးတည်း
ရပ်တည်နေတတ်တဲ့ မဟူရာ မင်းသမီးလေးလိုရှက်သွေးတွေ ဖြာနေတတ်တဲ့ပန်နု
ရောင် အားလုံးဟာ သ့နေရာနဲ့သူနေသားတကျ ယိမ်လိုက်ကလိုက်နဲ့ နေဝန်ကြီးက
အလင်းရောင်ကိုဆေးရောင်ခြယ်ပြီး ကပြေနေလိုက်ကြတာ..။

တောင်တန်းတွေရဲ့ အောက်မှာတည်တည်ငြိမ်ငြိမ်ရှိနေတဲ့ ကန်ရေပြင်အပေါ်ကို ပန်ချီကား
တစ်ချပ်လိုရေးဆွဲနေလိုက်တာ တိမ်ရဲ့သဏ္ဍန်တွေဟာလေ မြူဆိုင်းလုဆဲဆဲတောင်ခြေမှာ
သိပ်ကိုခမ်းနားလွန်းလှတယ်..။အိပ်တန်းပျံငှက်ငယ်လေးတွေရဲ့ ကျီးစယ်ကလူအသံဟာ
တောင်တန်းတွေရဲ့ ညှို့ဆိုင်းမှူနဲ့ ပနာတင့်တယ်တယ်..။သူု့တို့လေးတွေ အာရုံတတ်ကိုကြို
ဆိုဖိုဒီတောင်းတန်းတွေ မှာအားယူမှေးစက်နေတော့မယ်.။

ကန်ရဲ့တဘက် တောင်ရဲ့အောက်ခြေက စိမ်းမြမြလယ်ကွင်းဆီမှ ဖြတ်တိုက်လာတဲ့
လေနုအေးဟာ ကန်ရေပြင်ကိုညီညာစွာ လှိုင်းတွန့်ကလေးတွေဖြစ်စေတဲ့ ပုံရိပ်ဟာ
အကျဉ်တန်သူတောင်လှသွားနိုင်တဲ့ တိမ်တောင်တွေနဲ့ရှူမောမဆုံးဘူး.။စိမ်းမြမြ
စပါးပင်တွေဟာ ယိမ်းကနေလိုက်တာများ မြင်ပျိုမလေးလို တတ်ကြွလိုက်တာ.။လယ်
ကွင်းရဲ ဟိုဘက်နားဆီ ခပ်ယွန်းယွန်းလေးမှာ ခပ်ပါးပါးလေးပေါက်နေတဲ့ မြက်ခင်း
ပြင်ဟာ တောင်မှာဆိုင်းနေတဲ့ မြူတွေရဲ့အအေးဓါတ်အရသာကို ခံစားမိလို့ထင်ပါရဲ့ စွတ်
ဆိုနေသယောင်ယောင်..။

အရှေ့မှာရှိနေတဲ့ကန်မှာတော့ ဘေးတစ်ဝိုက်မှာ သူ့အလိုအတိုင်း လွတ်လပ်စွာပေါက်နေတဲ့
ဗေဒါရောင်ပန်းတစ်ချို့ရယ် ကြက်သွေးရောင်ပန်းတစ်ချို့ရယ်ဟာ ကန်ရေရယ် လတ်ဆတ်တဲ့
လေရယ်ကြောင့် တော်တန်းတွေ တောအုပ်တွေကြားမှာ လှချင်တိုင်းကိုလှနေတော့တယ်.။
ပန်ပွင့်လေးတွေအောက်မှာ ပေါက်နေတဲ့အစိမ်းရောင် မြက်ပင်လေးတွေဟာ ဗေဒါရောင် ကြက်
သွေးရောင် ပန်ပွင့်လေးတွေလောက်မလှပေမယ့် သူ့အရည်အချင်းဟာလည်း ပန်းလေးတွေ
အတွက် ကြည့်နေတဲ့သူကိုတစ်မျိုးတစ်ဖုံ အလှတွေရှိကိုခေါ်ဆောင်ရာမှာ ပံပိုးလို့နေတယ်.။

ဒါတွေအားလုံးဟာ လောကကြီးထဲမှာပဲ ရှိနေတဲ့သဘာဝ ပန်းချီကားတစ်ချပ်....
လူသားတိုင်းခံစားလို့ မကုန်နိုင်တဲ့ သဘာဝအလှတရား။



( ကျတော် ကွန်ပျူတာ မှာ WALL PAPER တင်ထားတဲ့ အလှပုံလေးကိုကြည်နေရင်းရေးလိုက်မိတာပါ။ )


နေသွေးသစ်

No comments:

Post a Comment