Saturday, June 7, 2014

မှော်ဆရာအလွမ်းတဲ့ "ည"

ညနက်သန်းခေါင်ယံ
အလွမ်းနိဗ္ဗာန်ဘုံက
မှော်ဆရာ တစ်ယောက်
အလွမ်းစိတ်ကူးတိမ်လွှာတွေ
ရောင်စုံဖြာလို့ လှမ်းမျှော်ကာ.
တမ်းတရင်း အလွမ်းဘုံမှာ
ဂန္တ၀င်ဆန်ဆန် မင်းနဲ့ ဆုံတွေ့ 
လမ်းတစ်ကွေ့ မှာသင်ပေးခဲ့တဲ့ (အလွမ်း)
မုသားသစ္စာအသက်သွင်း ၍
ရင်ခုန်နေခဲ့သော မှော်ဆရာ။
ည များစွာကို အလွမ်းတွေနဲ့
ကျော်ဖြတ်ရင်နင့် နေရင်း
ခစား ညများစွာမှာ
ဖြေဆေးမရှိ အတိ သိ နေ။
နှုတ်ဖျာစကား ကြားရောင်မိသည်။
သြော်။။။။။။။။။။ဒီည လဲ အလွမ်းတွေ နဲ့ ပြည့်စုံခဲ့လေပြီ။


နေသွေးသစ်

No comments:

Post a Comment