Saturday, June 7, 2014

သံစဉ်မဲ့ တေး

သံစဉ်မဲ့တဲ့တေးသွားတစ်ပုဒ်ရဲ့
ကာရံကင်းတဲ့
ကဗျာကိုတွယ်တာ
မြတ်နိုးတဲ့အကြောင်း
တစ်စွန်းတစ်စလေးတောင်..
မင်းဆီက 
မကြားချင်လောက်အောင်
ငါ မုန်းတီးမိခဲ့တယ်...
မိုးရေတွေနဲ့ 
ငါမျောပါချင်တယ်...
တိမ်တွေနဲ့ 
ငါ လွင့်မျောချင်တယ်...
လေနှင်ရာ 
ကို ရွက်တွေလွှင့်လို့...ငါ
ကမ္ဘာအဆုံးထိ
ကို ခရီးနှင်ချင်ခဲ့တယ်..
ဒါပေမယ့်......
ငါ့ ဘဝ ကို
ငါတောင်မပိုင်ပါဘူး..
မင်းဆီမှာ ပုံအောခဲ့တာပါ..



နေသွေးသစ်

No comments:

Post a Comment