Saturday, June 7, 2014

ကြိုးတမျှင် (၁)

အလွန်တရာချိုမြိန်လှတဲ့
နှုတ်ခမ်းနီမလေးရဲ့အနမ်း
ဒုက္ခရဲ့ နိဒါန်း သောကရဲ့ မြစ်ဖျား
အလွမ်းရဲ့ ဗဟို မှာ သူနဲ့
နှစ်ယောက်ထဲရှိတဲ့အခါ
လျှိ့ဝှက်ချက်တစ်ခုရဲ့
အဓိပ္ပါယ်ကို ပုံဖော်။
ခေါင်းစဉ် မရှိတဲ့ စာတစ်ပုဒ်။
အချိန်မှီ; အလွမ်းတေး ကို
ပြင်ဆင်နိုင်ဖို့ အိပ်ဆေးးး
ငါကဗျာ ထဲ ထည့် ရေးးး
အမှန်းဆိုတဲ့ မီးကိုဖန်တီးးးး
နံရံပါးပါးခြာမှာ ကျောခြင်းကပ်
ရှုံးနှိမ့်သူရဲ့ ရနံ့ တွေ
အဆိပ်မွှေ့ တွေ လိုသင်းပျံ့။
မှေးမှိန်လာခဲ့သည့်မြူတွေနဲ့
မိတ်ဖွဲ့အတ္တ ကြိုးတမျှင်မျှရရှိ။
စုံလွန်လှသည့် "အသဲ"
နောက်ဘာဆက်ဖြစ်မလဲ။




နေသွေးသစ်

No comments:

Post a Comment