Saturday, June 7, 2014

မျက်ရည် ဝဲနေဆဲ

ဝဋ်ကြွေးတစ်ခုရဲ့ 
စိတ်ဒဏ်ရာအတွက်
ဆေးဖက်မဝင်သော
အပေါ်ယံအပြုံးကြောင့်
ငါကမ္ဘာကြီးမျက်ရည်ကျလို့
ရင်ဘတ်တစ်ခုလုံး
ဆွဲခွာကြည့်လိုက်တော့
အနံသန့်တွေထွက်လို့
အနာတရ ရှိခဲ့ဖူးတဲ့
ဒီနှလုံးသားက အချစ်
သော့ ခတ်ပြီး လုံခြုံစွာသိမ်းထား
မာနသက်သက် နဲံ့ ရှင်ပြိုင်
တားဆီးလို့ မရတဲ့ အချစ်ကြောင့်
ထွက်ပြေး နေတဲ့ မျက်ရည် တွေ
ငါလိုက်ဖမ်း ခဲ့ဖူး သေးတယ်။
ဘဝတစ်လျှောက်မေ့ဖျောက်ဖို့
ခတ်ခဲနေတဲ့ ဒီလူတစ်ယောက်ရဲ့
ငိုရှိုက်သံများကို မြင် နိုင်ပါမလား။


နေသွေးသစ်

No comments:

Post a Comment