Saturday, June 7, 2014

နှင်းဆီ ဖတ်သူ

အရောင်ရင့်ရင့်အပွင့်နုနုနွဲ့နွဲ့လှသည် "ပန်း"
ရနံ့မွှေးမြ သင်းရီထုံပျံ့ ရောင်စုံ လှ လို့
တိတ်တခိုးလေးမ၀ံ့မရဲတမ်းတမိသူပါကွယ် ။

ပွင့်လွှာပေါ်က ချယ်ရီရောင် မာန ရနံ့တွေ
နီနီရဲရဲ ပွင့်ချပ်ပေါ်က ဆူးထိသွေးစတွေနဲ့
ငါဖတ်မိခဲ့လို့ ဒီဘဝ အလင်းမဲ့ ခဲ့ရပြီး နှင်းဆီ ။

ညိုးနွမ်းခြောက်သွေ့မူတွေ နဲ့ဒီလူတစ်ယောက်ရဲ့
ပါးပြင်ပေါ်ကမျက်ရည်စများလွမ်းတိုင်းကြွေ၍
ရင်ခွင်ရိုင်းရဲ့လှိုင်းဒဏ်တွေကြာဝေးကွာရပေါ့။

နေသွေးသစ်

No comments:

Post a Comment