Saturday, June 7, 2014

အတ္တတွေနဲ့အပြုံး



ညတွေရဲ့ ဒုက္ခတွေ
ရင်ဆိုင်နေချိန်မှာ 
သူပြုံး ပြလိုက်တဲ့
အပြုံးချိုချိုမျက်နှာက
ငါအိမ်မက်တွေကို
အဓိပ္ပာယ်အမျိုးမျိုးနဲ့
ပုံဖော်လို့ပေးနေတယ်။
အတ္တဆန်တဲ့ပြုံးက
ကြီးကျယ်ခန်းနားမူ့
တွေနဲ့ ပါလားးနော်။
မင်း နဲ့ ငါ ရဲ့ ကြားက
ကြိုးတစ်ချောင်းကို
ပေါင်းစပ်ဖို့ အပြုံး နုနု။
ငါတတ်မက် နေမိတယ်။
ဒီ ကမ္ဘာ မြေကြီးအလယ်က
နှုတ်လွှာနှစ်ချပ်ဝက အပြုံး
ဆတ်သွယ်မူ့ ပျက်စေတဲ့
ဒီအတ္တဆန်ဆန်အပြုံးတွေက
ငါရင်ဘက်ထဲက
နှလုံးသားကို ကဗျာ တစ်ပုဒ်ထုဆစ်စေခဲ့သည်။




နေသွေးသစ်

No comments:

Post a Comment