Saturday, June 7, 2014

အလွမ်း ” နဲ့ဖတ်အိပ်တဲ့ည



ဘယ်ဘက်ရင်ညွန့်မှာရှိတဲ့
နှလုံးသားထိရောက်အောင်ရှိုက်သွင်းလိုက်တဲ့  (စကား)
မောင့်ကိုအရမ်းချစ်တာပဲတဲ့၊
တမ်းတနေမိတယ်အခုအချိန်ထိပေါ့
အဝေးတစ်နေရာက
ချစ်သူရဲ့အပြုံးကိုနေရာဒေသတွေမတးညီပေမဲ့
ရိုက်ခတ်တဲ့နှလုံးသာတွေက
မင်းမှာတစ်ဝတ်ငါမှာတစ်ဝတ်နဲ့
မသိမသာရှင်သန်နေကြတယ်၊
အဲ့အချိန်က တစ်ယောက်နဲ့ တစ်ယောက်
မမြင်နိုင်ကြပေမဲ့ကော်ဖီတွေအတူတူသောက်ခဲ့ကြတယ်
မှတ်မှတ်ရရမိုးတွေလဲရွာ လို့ ပေါ့
face to face ဆိုတဲ့ အကြည့်တွေ နဲ့
ရှင်သန်နေခဲ့တာသိနိုင်မလားချစ်သူ၊
အခုတော့ မင်းအမြဲခေါ်ခဲ့တဲ့ မောင် ဆိုတဲ့
ငါ တစ်ယောက်အမြဲတမ်းတွေး
ချစ်သူမင်းရဲ့အကြောင်း
တစ်နေ့မတွေ့ရရင်မနေနှိုင်
နေ့တိုင်းကြားချင်နေမိတယ်
ချစ်သူမင်ရဲ့အသံလေး..
ဒီနေ့အဖို့တော့ခြောက်ကပ်တိတ်ဆိတ်မူတွေ့နဲ့ 

မနေ့ကတွေ့ခဲ့ရတဲ့ ( vzo ) ထဲက ချစ်သူမျက်နှာလေး
တဒိတ်ဒိတ်ခုန်ခဲ့တဲ့ ငါနှလုံးသားဒီနေ့အဖို့တော့
ငြိမ်သက်တိတ်ဆိတ်
နှင်းမရှိတဲ့လမ်းအခင်းမရှိတဲ့ကြမ်းလိုပဲ
ပရမ်းပတာနဲ့လွမ်းစရာကောင်းလိုက်တာ ကွာ
ချစ်သူရယ်မင်းရဲ့အပြုံး ပြန်လည် “ တမ်းတ ”လို့ဝေးနေကြရတဲ့ “ တစ်ခဏတာ” မှာတော့
အခါခါသတိရတိုင်း
လွမ်းမျက်ရည်တွေလည်း “ ဝဲ ” နေဆဲပေါ့ ….
ချစ်သူရယ် တခါတလေ
ဖုန်းပြောပြီလို့
ဖုန်းချတော့မယ်ဆိုရင် ချစ်သူ မင်းပဲအရင်ချခိုင်းခဲ့တယ်
မင်းထားခဲ့တာပဲ ဖြစ်စေချင်လို့ပါပြောပြီးလို့ရှိရင်
တစ်ခုခုပြောခဲ့ပါလား လို့ ငါအမြဲတောင်းဆိုခဲ့တယ်နော်
အခုထိ မင်းပြောနေကြစကားကိုကြားရောင်ရင်နဲ့
ဟူးးးးးးးးးး ဒီတစ်ညလဲ “ အလွမ်း ” နဲ့ဖတ်အိပ်ရအုံးမှာပါလား ….


နေသွေးသစ်

No comments:

Post a Comment