Saturday, June 7, 2014

မိစ္ဆာ ပရိယာယ်


ညကမှောင်မဲ 
လရောင်မွဲနှင့်
ဖြိုးဖျက်ကြယ်စင်
အသက်ရှင်၍
ဘ၀တွေက
နွမ်းပါလှသည့်
လူထုတစ်သိုက်
မှောင်မိုက်မှာငို
လမ်းခရီးးး
ဖြတ်သန်းသည့်နယ်
လျှောက်လမ်းသည်မှာ
နဖူးပြဲ ၊ ဒူးကွဲ ၊ မူးလဲ
ဝါးတားတားနဲ့
သွားနေရဆဲ။
သမိုင်းတစ်ခု
အိုဟောင်းနေ၍
အကျဉ်းကျသည့်
စာမျက်နှာများ။
ရှိုက်သံ။ငိုက်သံ
တွေနဲ့ အတူ
ဆုံးရှုံးရပြန်ပြီ။
ဘဝ၏နိမ့်ခြင်း မြင့်ခြင်း
အပိုင်း အစတွေက
ဓါးသွားပေါ်တွင်
လမ်းလျှောက်နေရသလို။

နေသွေးသစ်

No comments:

Post a Comment