Saturday, June 7, 2014

မှင်ရည် ကျဲ နေတဲ့ ငါ့ ကဗျာ

ကျိန်စာသင့်မနက်ခင်းတွေကို
အရူးတယောက်လို ကြောက်ရွှံ
ခပ်ရဲရဲသွေးတွေက (ချယ်ရီရနံ့)
မွှေးပျံ့ပျံ့ကိုတိတ်တခိုးလေးတမ်းတ
လွမ်း ရတဲ့ ည ကောင်းကင်အောက်
မင်းအတွက်ကျခဲ့ မျက်ရည် စတွေ
ပါးပြင် မှာ ခုထိ ရွှဲရွှဲစိုနေတုန်းပဲ။

ဘယ်ဆီမှာ ဘယ်ဝယ်မှာ မသိတဲ့
ငါဘ၀ပေါင်းများစွာကို စိတ်ကူးတွေ နဲ့
ထုဆစ်ပုံဖော် ရေးခြစ် ချင် မိ ခဲ့ တဲ့
မျက်ရည်မြစ် များ နဲ့ ငါ့ "က ဗျာ"
အလွမ်းတွေ မင်း မမြင်သမျှ
မှင်ရည်များ ကျဲလေသလာလို့
ငါတွေးရင်းဆွေးနေမိတယ်။

မဆုပ်မိမကိုင်မိဖြစ်နေတဲ့ ငါ့အဘိဓမ္မာ
အဓိပ္ပယ်ကိုပုံဖော်ဖဲ့ခြွေသူ က မင်း
တွယ်ရာမဲ့ငါနှလုံးသားကရွက်လွင့်
ဘ၀ရဲ့လိုအင်တွေကို လိုက်စုရင်
မှည့်နေတဲ့အသဲပြိုလှဲခဲ့တာအခါခါ
နာကျင်ကျိုးကြေပြီး လူး လှိမ့် ရင်းး
ဘဝ ရဲ့ အိပ်ရာပေါ်မှာ ခဏ တာ မှေးစက်တော့မည်။

(ချယ်ရီပန်း ရဲ့ အဓိပ္ပါယ်က တစ်နေ့နေ့တော့ ဝေးရမယ်တဲ့)

နေသွေးသစ်

No comments:

Post a Comment