Saturday, June 7, 2014

အမှန်တရားအတွက်သေခဲ့သူ


အသွေးအသားနဲ့ထုဆစ်ပြီး
ဒီလူတစ်ယောက်ရဲ့
ရင်ခွင်မှာ..နုပျိုခြင်းများနိုးထပြီး။
မျိုးစေ့ဘ၀ကနေ
အပင်ဘ၀ရောက်တဲ့ အထိ
ဘ၀ ဟာ လွမ်းစရာ။
နားလည်မူ့သဘောတရားတွေက
လွန်စွာကွဲပြားနေတော့
နားခိုရာမရှိ။
စကားလုံး ဆန်းဆန်းတွေနဲ့
လူကြီး တစ်ယောက်လို
အဆုံးစ မရှိသော။
နေ့။ရက်တွေကို
ပုံဖော်ပြ လို့ပူနွေးသော
ရာသီဥတုတွေမှာ
စိုစွတ်ထိုင်းမှိုင်းနေတဲ့
သစ်ပင်၏အကျိုးဆက်ကြောင့်
လောကတွင်လှပမှုများ
ပျောက်ဆုံးသွားခဲ့ ရလေပြီး။


နေသွေးသစ်

No comments:

Post a Comment