Saturday, June 7, 2014

သံယောဇဉ်အမျှင်တဲ့လား "နွယ်"

ဒဏ်ရာတွေအထပ်ထပ်ရဲ့
ခြေရာဟောင်းတွေက
ပဉ္စလက်ဆန်သော
အိပ်မက်တွေကို
ရစ်ပတ်နှောင်တွယ်ပြီး။
မက်စေခဲ့သူ "နွယ်"
ဒီလိုနဲ့ နေ့ရက်တွေက
ဟန်ဆောင်တတ်တဲ့
ကမ္ဘာကြီးကိုအသနားခံ
မျက်လုံးကို စုံမှိတ်
ခေါင်းငိုက်စိုက်ရင်း
မျက်ဝန်းထဲမှာ
ပြည့်လျှံနေတဲ့
မျက်ရည်တွေကို မသုတ်နိုင်
ယုံကြည်ချက်တွေကို
သံယောဇဉ်ဆိုတဲ့ကြိုးနဲ့
မိတ္တူကူး ဖျက်ချိုးခဲ့ပြီးမှ
သံယောဇဉ်အမျှင်တဲ့လား "နွယ်"




နေသွေးသစ်

ဖူး တဲ့အိန်ဂျယ်


ယဉ်ယဉ်လေး
ပြုံးတတ်တဲ့ 
ပန်းသခင်ကို
ခွင့်ပန်လို့
ပွင့်လွှာတွေ
သီကာကုံး
မမုန်းပါနှင့်လေ
ပင်ယံနန်းထက်
စံမြန်းတဲ့ပွင့်ဖူးးး
ငှားငှားစွင့် စွင့် 
တင့်တယ်နေတဲ့ 
ရနံ့တစ်ပွင့်တစ်လွှာ
ခါတော်ပေးလို့
အတွေးမှာရှိ
စိတ်ကူးမှာမြင်
ပန်းတို့အပြုံးသည်သာ
ရင်ထဲက အလှဆုံး။




နေသွေးသစ်

ပါဝါ

မျက်မှန်ပါဝါ
တတ်တာထက် 
လူပါဝါတတ်တာကပိုပြီး
ကြောက်စရာ
ကောင်းနေတယ်၊
အဲဒီလူတွေက
ကမ္ဘာကြီးဖျားနာနေတာ
သူတို့မသိကြဘူး၊
ဘေးကကွေ့ရှာင်သွားပြီး၊
ကျေနပ်နေတဲ့လူတွေ၊
သူတို့အစိတ်စိတ်
အမွှာမွှာဖြဲပစ်လိုက်တဲ့
စာရွက်တွေကို၊
ဒီအတိုင်းထားတော့မှာလား၊
တစ်သက်တာ
ပတ်လုံး ဖတ်ခဲ့ ရတဲ့ မြန်မာစာ
ပြည်သူ လက်ထဲကို
မရောက်သေးပါလား၊




နေသွေးသစ်

သစ်ရွက် အတွက်မှတ်ချက်


မျက်ဝန်းတစုံက
နှလုံးသား ကိုထိ
ငါရဲ့စိတ်ကို
ရိုက်ခတ် သွားစေတဲ့
ဒီသစ်ရွက် အတွက်
မှတ်ချက်
နှလုံးသားကလဲကြွေ
သစ်ရွက်လေးလဲကြွေ
တချိန်က
သစ်ခက်
သစ်ရွက်တွေ ဝေပြီ
လှပတဲ့ ပန်းပွင့်တွေ က
ငါအတွက်တော့
ဆေးဖက်ဝင်ခဲ့သည်၊
ငါ ဆိုတဲ့သစ်ရွက်လေး
မုန်တိုင်းထန်
လှိုင်းဒဏ်တွေကြား
ကြွေချိန်မစောဖို့
ငါမျှော်လင့်ခဲ့တယ်
ကြွေလွင့်သွားတဲ့
သစ်ရွက်ကိုတမ်းတရင်း
မျက်ရေသောက်နေရတဲ့
ညလက်ကျန်တွေ၊
ငိုကြွေးနေကြတဲ့
သူတွေရယ်
သာယာနေတဲ့သူတွေရယ်
လေလွှင့်ငှက်ရဲ့တေးသံရယ်
ငါကြားနေရပြီနောက်၊
အနှစ်တစ်သန်းမှာ
တစ်ခါပဲ ပွင့်မယ့်
ပန်းကို ဒီသစ်ရွက်လေးကြည့်ပြီ၊
ငါစောင့်နေရတော့မည်၊


နေသွေးသစ်

အဖြူရောင် နတ်သမီးသို့ တမ်းတခြင်း(၁)




နားထောင်နိုင်စွမ်း 
မရှိတော့တဲ့ငါရင်ခုန်သံတွေ
ကောင်းကင်မှာ တွေ့ရှိရဲ့လား
မြင်နိုင်မယ်ဆိုတစ်နေရာက
တစ်ချက်လောက် ကြည့်
ပင်လယ့် ဘေးမှ
ထွက်ပြေးသွားတဲ့ငါ
သံယောဇဉ်တွေ
အယောင်ဆောင်ထားတဲ့
အချစ်တွေ နဲ့ အတူ
အခုတော့ ညတွေဆိုလွမ်းနေတတ်ပြီ၊
ငါဘဝ၇ဲ့ မီးပြတိုက်
မင်းမရှိတော့တဲ့နောက်
လ တစ်ခြမ်းနဲ့
ငါ့  တစ်ကိုယ်ရည် လင်းလက်နေရတယ်ဘဝ
တမ်းတမိတယ် အရင်ချိန်တွေက
လွင်ပြင်ကျယ်မှာ
ပျံနေတဲ့ ငှက်ကလေးတွေအတိုင်း ၊
ငါရဲ့ခရမ်းနုရောင်းအိပ်မက်ထဲ
နတ်သမီး မင်းနဲ့
အရာအားလုံးပြည်.စုံခဲ့တယ်
အခုတော့ ငါ
ခြေစုံ ရပ်နေရပြီ၊

....................နတ်သမီးသို့

နေသွေးသစ်

"မ"


တောင်းဆုတွေ
မပြည့်ခဲ့တဲ့
ဒီနံနက်ခင်းက
မိုးသောက်ခဲ့လေပြီ။
မသေချာတဲ့
အတိတ်
မရေရာတဲ့
အနာဂတ်
ကြိုးစားနေတဲ့
ပစ္စုပန်နဲ့ အတူ
လက်ဆတ်နေတဲ့
ဒီနှလုံးသား
တစ်စုံ က“မ” အတွက်
မဖြစ်သင့်ဖူးလားးး
မျှော်လင့်တောင့်တခဲ့ဖူးတဲ့
နေ့ ရက်လေးတွေ
အတွေးမှာနယ်ချဲ့လို့
ကျော်ဖြတ်ရင်း
ဆုံတွေ့ရမယ့်နေ့လေးတွေကို
စောင့်မျှော်ရင်း
အကြင်နာ ယုယမှု
အချစ်များစွာက "မ" အတွက်ပါ။




နေသွေးသစ်

အလွမ်း ” နဲ့ဖတ်အိပ်တဲ့ည



ဘယ်ဘက်ရင်ညွန့်မှာရှိတဲ့
နှလုံးသားထိရောက်အောင်ရှိုက်သွင်းလိုက်တဲ့  (စကား)
မောင့်ကိုအရမ်းချစ်တာပဲတဲ့၊
တမ်းတနေမိတယ်အခုအချိန်ထိပေါ့
အဝေးတစ်နေရာက
ချစ်သူရဲ့အပြုံးကိုနေရာဒေသတွေမတးညီပေမဲ့
ရိုက်ခတ်တဲ့နှလုံးသာတွေက
မင်းမှာတစ်ဝတ်ငါမှာတစ်ဝတ်နဲ့
မသိမသာရှင်သန်နေကြတယ်၊
အဲ့အချိန်က တစ်ယောက်နဲ့ တစ်ယောက်
မမြင်နိုင်ကြပေမဲ့ကော်ဖီတွေအတူတူသောက်ခဲ့ကြတယ်
မှတ်မှတ်ရရမိုးတွေလဲရွာ လို့ ပေါ့
face to face ဆိုတဲ့ အကြည့်တွေ နဲ့
ရှင်သန်နေခဲ့တာသိနိုင်မလားချစ်သူ၊
အခုတော့ မင်းအမြဲခေါ်ခဲ့တဲ့ မောင် ဆိုတဲ့
ငါ တစ်ယောက်အမြဲတမ်းတွေး
ချစ်သူမင်းရဲ့အကြောင်း
တစ်နေ့မတွေ့ရရင်မနေနှိုင်
နေ့တိုင်းကြားချင်နေမိတယ်
ချစ်သူမင်ရဲ့အသံလေး..
ဒီနေ့အဖို့တော့ခြောက်ကပ်တိတ်ဆိတ်မူတွေ့နဲ့ 

မနေ့ကတွေ့ခဲ့ရတဲ့ ( vzo ) ထဲက ချစ်သူမျက်နှာလေး
တဒိတ်ဒိတ်ခုန်ခဲ့တဲ့ ငါနှလုံးသားဒီနေ့အဖို့တော့
ငြိမ်သက်တိတ်ဆိတ်
နှင်းမရှိတဲ့လမ်းအခင်းမရှိတဲ့ကြမ်းလိုပဲ
ပရမ်းပတာနဲ့လွမ်းစရာကောင်းလိုက်တာ ကွာ
ချစ်သူရယ်မင်းရဲ့အပြုံး ပြန်လည် “ တမ်းတ ”လို့ဝေးနေကြရတဲ့ “ တစ်ခဏတာ” မှာတော့
အခါခါသတိရတိုင်း
လွမ်းမျက်ရည်တွေလည်း “ ဝဲ ” နေဆဲပေါ့ ….
ချစ်သူရယ် တခါတလေ
ဖုန်းပြောပြီလို့
ဖုန်းချတော့မယ်ဆိုရင် ချစ်သူ မင်းပဲအရင်ချခိုင်းခဲ့တယ်
မင်းထားခဲ့တာပဲ ဖြစ်စေချင်လို့ပါပြောပြီးလို့ရှိရင်
တစ်ခုခုပြောခဲ့ပါလား လို့ ငါအမြဲတောင်းဆိုခဲ့တယ်နော်
အခုထိ မင်းပြောနေကြစကားကိုကြားရောင်ရင်နဲ့
ဟူးးးးးးးးးး ဒီတစ်ညလဲ “ အလွမ်း ” နဲ့ဖတ်အိပ်ရအုံးမှာပါလား ….


နေသွေးသစ်

အမှန်တရားအတွက်သေခဲ့သူ


အသွေးအသားနဲ့ထုဆစ်ပြီး
ဒီလူတစ်ယောက်ရဲ့
ရင်ခွင်မှာ..နုပျိုခြင်းများနိုးထပြီး။
မျိုးစေ့ဘ၀ကနေ
အပင်ဘ၀ရောက်တဲ့ အထိ
ဘ၀ ဟာ လွမ်းစရာ။
နားလည်မူ့သဘောတရားတွေက
လွန်စွာကွဲပြားနေတော့
နားခိုရာမရှိ။
စကားလုံး ဆန်းဆန်းတွေနဲ့
လူကြီး တစ်ယောက်လို
အဆုံးစ မရှိသော။
နေ့။ရက်တွေကို
ပုံဖော်ပြ လို့ပူနွေးသော
ရာသီဥတုတွေမှာ
စိုစွတ်ထိုင်းမှိုင်းနေတဲ့
သစ်ပင်၏အကျိုးဆက်ကြောင့်
လောကတွင်လှပမှုများ
ပျောက်ဆုံးသွားခဲ့ ရလေပြီး။


နေသွေးသစ်

သံစဉ်မဲ့ တေး

သံစဉ်မဲ့တဲ့တေးသွားတစ်ပုဒ်ရဲ့
ကာရံကင်းတဲ့
ကဗျာကိုတွယ်တာ
မြတ်နိုးတဲ့အကြောင်း
တစ်စွန်းတစ်စလေးတောင်..
မင်းဆီက 
မကြားချင်လောက်အောင်
ငါ မုန်းတီးမိခဲ့တယ်...
မိုးရေတွေနဲ့ 
ငါမျောပါချင်တယ်...
တိမ်တွေနဲ့ 
ငါ လွင့်မျောချင်တယ်...
လေနှင်ရာ 
ကို ရွက်တွေလွှင့်လို့...ငါ
ကမ္ဘာအဆုံးထိ
ကို ခရီးနှင်ချင်ခဲ့တယ်..
ဒါပေမယ့်......
ငါ့ ဘဝ ကို
ငါတောင်မပိုင်ပါဘူး..
မင်းဆီမှာ ပုံအောခဲ့တာပါ..



နေသွေးသစ်

ဥပက္ခာ "အပြုံး"


အိမ်မက် နတ်သမီး ရဲ့
အ.ပြုံး..လဲ့..ပြာပြာ
အောက်မှာ
ငါစိတ်ကူးတွေလဲ
ညစ်နွမ်းခဲ့ရပါပြီ
ဆွေးမပြေသူ
ဒီရင်ခွင်က
ကျိန်စာသင့်
နှလုံးသားကို
ရွက်ဖတ်သရဇ္ဈယ်ရင်း
လူသားတစ်ယောက်
မင်းရဲ့ အလှအပ ကို
မင်းမသိတဲ့
ကမ္ဘာတစ်နေရာကနေ
မင်းအကြောင်းတွေ တွေးပြီး
ဒီဘ၀ ဆုံနိုင်ခွင့်ရှိမှာလား
ငါစဉ်းစာနေမိတယ်။
ငါအကြိမ်ကြိမ်
စဉ်စားရင်း
မတွေးတတ်အောင် ပဲ
ဒီရင်ထဲတစ်သက်လုံး
မမေ့ နိုင်တော့မဲ့
အပြုံးတစ်ခု ကိုယ်ရရှိခဲ့ပြီ။
ရူးလောက်မတတ်
ဒီနှလုံးသားက
လွမ်းပူဟပ်၍
ကျိုးပြတ်သည့်
အပြုံးအိမ်မက်လေးရယ်
ဝေးသွားတာကိုမုန်းနေမိတယ်။



နေသွေးသစ်

လျိုဝှက်သောမာယာ

မျက်ရည်တွေ 
ခမ်းခြောက် လို့
အရှိုက်ခက်တဲ့ပန်း
အချစ်မျက်ကမ်း
တစ်ယောက်လို
သူမာယာလေပြေ
လေညှင်း
တိုက်ခက်မူ့နဲ့အတူ
စိန်ပြေးတမ်း
ကစားခဲ့ဖူးတယ်၊
လျိုဝှက်တတ်သော
သူမာယာ အပြုအမူက
နူးညံ့တဲ့ နှုတ်ခမ်းထက်က
ပျားရည်တစ်စက်လို
အပြုံးတစ်ချက်က
ငါ့အတွက်
ရှည်လျားသော
အိမ်မက်တွေ
ကြွေသောမျက်ရည်
ငြိမ့်ငြိမ့်လေးနဲ့ စိမ့်စိမ့်လေး
ဝါးမျိုသွားတယ်၊


နေသွေးသစ်

စာမျက်နှာ

ဒဏ်ရာ က 
ချုပ်ရိုးပျောက်
ချုပ်ထားတာမို့
ကြည့်ရင်မမြင်နိုင်
ညာဘက်လက်နဲ့
ဘယ်ဘက်ရင်ကိုဖိ
အောက်သက်သက်ဒီနှလုံးသား
တချိန်ကတူညီတဲ့
ခံစားမှုတိုင်းက
အတိုင်းအဆမရှိ
ပိုချစ်မိစေတယ် ၊
အချစ်တစ်ခုနဲ့
သံသရာခရီးကြမ်းကို
လက်တွဲလို့သွားချင်တယ်၊
အချိန်ဟူသည် အမြဲမပြတ်
လည်ပါတ်နေသော
အဆုံးမရှိသည့်
ရပ်ဝန်းကြီးထဲမှာ
အချစ်ဆိုတဲ့အရာက
မေတ္တာ သံယောဇဉ် အကြင်နာ ဂရုနာ
တို့ ကိုပို၍များစေခဲ့တယ်၊


နေသွေးသစ်

မှော်ဆရာကျတဲ့ မျက်ရည်


ဝဋ်ကြွေးတစ်ခုလို့.
ငါသတ်မှတ်တယ်၊
ကာရံတွေတပွေ့
တပိုက်နဲ့ဒီလူ ဘဝ
မာယာပြည့်နှက်နေသူရဲ့
အကြည့်အောက်မှာ
ငါ့အချစ်တွေချကြွေးခဲ့တယ်၊
မျက်ရည်. ကိုက်ခဲ့ဘူးတဲ့
ပန်းသီးတစ်လုံး
ဒဏ်ရာအချို့ နဲ့ အတူ
ငါရင်ထဲမှာ မျက်ရည်တို့
အံကိုကြိတ်ကာ
သိုသိပ်ခဲ့ဖူးတယ်၊
မျက်ရည် ဝေ့ဝေ့.သည်
စာမျက်နှာကနေ ကမ္ဘာ
ဘဝတစ်ခုလုံးသိ
ဒီအတတအကြွေပန်း
မျက်ရည်
တစ်စက်တစ်ပေါက်က
ပင်လယ်ရေ မခန်းခြောက်အောင်
မျက်ရည်စများပြည့်လျှံကာ
အားဖြည့်ပါးပြင်ပေါ်သို့ ကျလာတဲ့
မျက်ရည် စက်လေးများ က
နှလုံးသားအက်.သံ နဲ့အတူ
ကမ္ဘာမြေပြင်ရဲ့. ဒီသေခြင်းမဲ့
အသည်းနှလုံး .က
မျက်ရည် ဝဲနေဆဲပါ၊



နေသွေးသစ်

သူမသိသောမျက်ရည်

လူတွေ မသိအောင် 
မျက်ရည်တွေ
ခိုးသုတ်နေရတယ်
ပိုင်ရှင် မသိတဲ့
အလွမ်းတွေနဲ့
ညနက် အောင်
လွမ်းနေ တတ်တာ
ပြင်လို့ မရတော့ တဲ့
အစွဲ တစ်ခုလို ဖြစ်နေပြီ
ငါ့ ရဲ့ အဖြူ ရောင်
နှလုံးသားပေါ်မှာ
အလှပဆုံး ဆေးချက်တွေ နဲ့
ရက်ရက်စက်စက်
သိမ်းပိုက်လို့
အောင်နိုင်သူတစ်ယောက်ရဲ့
အပြုံး နဲ့ နင်ကတော့
မသိချင်ယောင်ဆောင်နေဆဲ
ကြေကွဲ ညတွေ လွန်ပါစေ........
မဖြေသာ လို့ ဒဏ်ရာတွေ
အတွက်ငါဆုတောင်းနေတယ်
နင် မနေသာလို့
လှည့် ကြည့် နိုင်မယ် ဆိုရင်တောင်
ငါ့ကိုလည် ပြန် ကြည့် မသွားပါနဲ့
အဲ့ ဒီမာယာ များတဲ့ အကြည့်
တစ်ချက်နဲ့ ငါသေသွားနိုင်လို့ ပါ.
ကောင်မလေးရယ်..



နေသွေးသစ်

စာမျက်နှာ.ပေါ်ကအတ္တ

ရင်နင့်ခံစား
ဝေဒနာများကို 
သီဆိုဖွဲ့ သီ
နှလုံးသွေးတွေ ပေးဆပ် ၊
လွမ်းစရာကို
ရင်နာစရာနဲ့
ဖြေပါဆိုတဲ့ အတိုင်း
နာကျင်စရာရှာဖို့
နှလုံးသားကို စတေး
အတ္တတွေနဲ့
အချစ်ကို
မပိုင်ခင်တုန်းက
လိုချင်တတ်မက်နေမိသတဲ့
အချစ်နဲ့အတ္တ .....
ထပ်တူကျတယ်လို့.
ဆိုရင်ဆိုရမလား
ငါသာသခင်
ငါအရှင်ပါ
ငါသဘောကြ
နင်အမြဲနေ
အချစ်နဲ့အတ္တ အတွက်
ကန့်သတ်မှုတွေနဲ့အတူ
စာမျက်နှာ.ပေါ်က
ခပ်ပါးပါး ကျနေတဲ့
မျက်ရည်တွေရယ်
ချုပ်ချယ်မှု
ဘ၀ကို ငါမုန်းတယ် ။



နေသွေးသစ်( “အချစ်”နဲ့ပတ်သတ်လာရင် မထင်မှတ်ထားစွာ နူးညံ့မှုကို တွေ့ရတတ်သည်)

မှော်ဆရာအလွမ်းတဲ့ "ည"

ညနက်သန်းခေါင်ယံ
အလွမ်းနိဗ္ဗာန်ဘုံက
မှော်ဆရာ တစ်ယောက်
အလွမ်းစိတ်ကူးတိမ်လွှာတွေ
ရောင်စုံဖြာလို့ လှမ်းမျှော်ကာ.
တမ်းတရင်း အလွမ်းဘုံမှာ
ဂန္တ၀င်ဆန်ဆန် မင်းနဲ့ ဆုံတွေ့ 
လမ်းတစ်ကွေ့ မှာသင်ပေးခဲ့တဲ့ (အလွမ်း)
မုသားသစ္စာအသက်သွင်း ၍
ရင်ခုန်နေခဲ့သော မှော်ဆရာ။
ည များစွာကို အလွမ်းတွေနဲ့
ကျော်ဖြတ်ရင်နင့် နေရင်း
ခစား ညများစွာမှာ
ဖြေဆေးမရှိ အတိ သိ နေ။
နှုတ်ဖျာစကား ကြားရောင်မိသည်။
သြော်။။။။။။။။။။ဒီည လဲ အလွမ်းတွေ နဲ့ ပြည့်စုံခဲ့လေပြီ။


နေသွေးသစ်

နောက်ဆုံး "ရလဒ်"

သန်ခေါင်ယံ · နေရာဟောင်းမှာ
တိတ်ဆိတ်ငြိမ်သက်ခြင်းတွေက 
ဒီနှလုံးသားက အလွမ်း တွေကို
တစ်စစ ချွေချနေကြတယ်။
အမှန်း ဆိုတဲ့  ခေါင်စဉ် အောက်မှာ
မျှော်လင့်ချက် တချို့ က အံတု
ထိန်ထိန်သာတဲ့ လ
လှမ်းရင်း လွမ်းနေမိသည်မှာ
ကြယ်တွေတောင်ငိုတယ်
အထီးကျန် အားမာန်တွေလျော့ လို့
မျက်ရည် စက် လက်နပ် နဲ့
ကြုံကြရပြန်တယ်။


နေသွေးသစ်

ချစ်သူမျက်ဝန်း

ဒီညပေါ့... သူ့မျက်ဝန်းထဲက
အကြည့်တွေကြောင့်
ကိုယ့်အိမ်ပြန်ချိန်တွေ
ကျရှုံးခဲ့တာ သူသိပါစေ
တိတ်တခိုး မျက်ဝန်း. တွေနဲ့
တိတ်တခိုးလေးနဲ့
ချစ်မိနေလည်း
မျှော်လင့်ချက်နဲ့
အသက်ရှင်နေရတာပါ
အကြည့်နှစ်မျိုး
ကိုပိုင်ဆိုင်တဲ့သူ
နှစ်လိုဖွယ်မိန်းကလေး၏
ကြည့်ရှုခြင်း
ခံရတဲ့ကျတော်
ဒီနှလုံးသားမှာ
သူမင်းဖန်ဆင်းတဲ့
အချစ်အကြည့်တွေက
ရူးစေတယ်မျက်ဝန်ထဲ မှာ
မြင်နိုင်တယ်၊ရှိနေတယ်၊



နေသွေးသစ်

မိစ္ဆာ ပရိယာယ်


ညကမှောင်မဲ 
လရောင်မွဲနှင့်
ဖြိုးဖျက်ကြယ်စင်
အသက်ရှင်၍
ဘ၀တွေက
နွမ်းပါလှသည့်
လူထုတစ်သိုက်
မှောင်မိုက်မှာငို
လမ်းခရီးးး
ဖြတ်သန်းသည့်နယ်
လျှောက်လမ်းသည်မှာ
နဖူးပြဲ ၊ ဒူးကွဲ ၊ မူးလဲ
ဝါးတားတားနဲ့
သွားနေရဆဲ။
သမိုင်းတစ်ခု
အိုဟောင်းနေ၍
အကျဉ်းကျသည့်
စာမျက်နှာများ။
ရှိုက်သံ။ငိုက်သံ
တွေနဲ့ အတူ
ဆုံးရှုံးရပြန်ပြီ။
ဘဝ၏နိမ့်ခြင်း မြင့်ခြင်း
အပိုင်း အစတွေက
ဓါးသွားပေါ်တွင်
လမ်းလျှောက်နေရသလို။

နေသွေးသစ်

ဉာဏ်ပညာထက်မြက်တဲ့မျက်နှာ

အိပ်ရာထ နောက်ကျတဲ့ 
လူတွေက လက်လှမ်းမှီရာ
ဝေဒနတွေကိုမိတ်ဖွဲ့ လို့
စိတ်ကူးတွေပဲရင်းနှီး ကြတယ်။
ဘယ်သူမှမသိအောင်လို့
သံယောဇဉ် သံစဉ် တွေ တီးခတ်ပြီး
ရင်ခုန်သံတွေ ပျောက်ရှအောင်
ရှုဒေါင့်တစ်နေရာကနေအရောက်ပို့နေပြန်တယ်
တခမ်းတနား မပြောခဲ့တဲ့စကားတွေ
တစ်ခါခါလွတ်ကြသွား လို့
ပြန်ကောက်ယူရပြန်တယ်။
ဧကန်မရှိသေးတဲ့လောကအတွက်
သက်မှတ်ချက်ပေးနေတဲ့ "ခေတ်"
ရင်ထဲကထွက်ပေါ်လာတဲ့
စကားလုံးလေးတွေကို
ကာရံထားဖို့ ကြိုးစားနေတဲ့သူတွေ။
အချိန်တွေကုန်လာသည်နှင့်အမျှ
ဘာမှမသိတဲ့သူတွေရဲ့
ရင်ဘတ်က ထုတ်ချင်းပေါက်နေပြီ။


နေသွေးသစ်

မျက်ရည် ဝဲနေဆဲ

ဝဋ်ကြွေးတစ်ခုရဲ့ 
စိတ်ဒဏ်ရာအတွက်
ဆေးဖက်မဝင်သော
အပေါ်ယံအပြုံးကြောင့်
ငါကမ္ဘာကြီးမျက်ရည်ကျလို့
ရင်ဘတ်တစ်ခုလုံး
ဆွဲခွာကြည့်လိုက်တော့
အနံသန့်တွေထွက်လို့
အနာတရ ရှိခဲ့ဖူးတဲ့
ဒီနှလုံးသားက အချစ်
သော့ ခတ်ပြီး လုံခြုံစွာသိမ်းထား
မာနသက်သက် နဲံ့ ရှင်ပြိုင်
တားဆီးလို့ မရတဲ့ အချစ်ကြောင့်
ထွက်ပြေး နေတဲ့ မျက်ရည် တွေ
ငါလိုက်ဖမ်း ခဲ့ဖူး သေးတယ်။
ဘဝတစ်လျှောက်မေ့ဖျောက်ဖို့
ခတ်ခဲနေတဲ့ ဒီလူတစ်ယောက်ရဲ့
ငိုရှိုက်သံများကို မြင် နိုင်ပါမလား။


နေသွေးသစ်

ပန်းအလှ


နွေကမ္ဘာမှာနေတစ်ရာမက
ပူပြင်းလှသော ဒီရင်ခွင်မှာ
စိုက် ပျိုး ထားသည့် ပန်း
ရနံ့ရယ်ပင့်သက်တွေရှိုက်
ရင်နင့်အောင်မွှေးးး
လျှို့ဝှက်ချက်သူအလှ
ပန်ဆင်သူ ပျိုမေ တို့၏
နက်ရှိုင်းသူ ရင်ခုန်စ
တစ်သသတရလောက်အောင်
နုးညံ့လို့စံဖူးတဲ့ ပန်း
နေ မသာ လေ လာ လို့
ရ နံ့ တွေ ပြိုင် ။လှိုင်သတဲ့ မွှေး
ဒီလူရယ်ချူချင်ဖွယ်
ယိုင် နဲ့ ဖြိုခွဲမယ့် ပန်း။



နေသွေးသစ်

မာယာ ဒိုရေမီဖာ

ခူးဆွတ်နုတ်သိမ်းသူ
ငါ ကခုန်ရင်သူမ
မာယာသံစဉ်တွေ နဲ့
ပျော်မြူးခဲ့ဖူးတယ်။
နူးညံ့တဲ့ နှုတ်ခမ်းထက်
ပျားရည်တစ်စက်လို
မာယာ မင်းအပြုံးတစ်ချက်
ဟန်ဆောင်ခြင်တွေမရှိတဲ့
ငါကိုလှည့်စားကူပါကယ်ပါ
အော်သံတွေနဲ့ ရစ်မူးး
ရျှိက်သံ ငိုက်သံတွေက
ရှည်လျားသောအိမ်မက်
ကံကြမ္မာလမ်းမှာ ငါ
ကြွေသော မျက်ရည်တွေနဲ့
တစ်ကွက်ခြင်း ချိုးဆစ်
က ပြ နေ မဲ့ က ကွက်
အသစ် ဆန်းတွေနဲ့
စုန်စုန်မျှောရင်းအဆုံးသက်သွားတဲ့

မာယာ ဒိုရေမီဖာ။။။။







နေသွေးသစ်

အတ္တတွေနဲ့အပြုံး



ညတွေရဲ့ ဒုက္ခတွေ
ရင်ဆိုင်နေချိန်မှာ 
သူပြုံး ပြလိုက်တဲ့
အပြုံးချိုချိုမျက်နှာက
ငါအိမ်မက်တွေကို
အဓိပ္ပာယ်အမျိုးမျိုးနဲ့
ပုံဖော်လို့ပေးနေတယ်။
အတ္တဆန်တဲ့ပြုံးက
ကြီးကျယ်ခန်းနားမူ့
တွေနဲ့ ပါလားးနော်။
မင်း နဲ့ ငါ ရဲ့ ကြားက
ကြိုးတစ်ချောင်းကို
ပေါင်းစပ်ဖို့ အပြုံး နုနု။
ငါတတ်မက် နေမိတယ်။
ဒီ ကမ္ဘာ မြေကြီးအလယ်က
နှုတ်လွှာနှစ်ချပ်ဝက အပြုံး
ဆတ်သွယ်မူ့ ပျက်စေတဲ့
ဒီအတ္တဆန်ဆန်အပြုံးတွေက
ငါရင်ဘက်ထဲက
နှလုံးသားကို ကဗျာ တစ်ပုဒ်ထုဆစ်စေခဲ့သည်။




နေသွေးသစ်

လှည့်ကြည့်ဖို့. ခက်နေတဲ့ ဘဝ

 ရာသီတွေခြွေချ လို့ ကြွေကျနေတဲ့နေ့ရက်တွေမှာ
 လွမ်းတာလား အထီးကျန်တာလား မပြောတတ်ဘူး
 သတိရခြင်းတွေ က ပိတ်လှောင် နေ တဲ့ အခါ မှာ
 နှုတ်ဆိတ်ခွင့်ကို တိတ်တခိုးတမ်းတမိတဲ့အဖြစ်
 မြေမှာ ကြွေတဲ့စာတစ်စောင် ပါးခဲ့မိလို့ ဒီနေ့ အထိ
 နာကျင်နေတဲ့ သူ မှာ ၀မ်းနည်းစွာ ငိုမဲ့မဲ့မျက်နှာနဲ့.
 ရင်ဘတ်ထဲမှာ မိုးတွေ စွေပြီးးးးးညနေတွေက
တိတ်တိတ်ဆိတ်ဆိတ်. မိုးချုပ်သွားခဲ့ပြီ။

 အဆိပ်ပင်ကို ရေလောင်း ပျိုးထားမိတဲ့ပန်း
 ပြုစားခြင်းဆိုတဲ့ဝင်္ကဘာထဲမှာပိတ်လှောင်ရင်းး
 ရှေ့တိုးနောက်ဆုတ်ဖြစ်နေတဲ့ ည တွေ မှာ
 နင် နဲ့ ငါ ကြာ လွန်ဆွဲ နေသလားးးးးးကွယ်
 ပြန်စဉ်းစားကြည့်ရင်အကြောင်းပြချက်တွေက
 လှောင်ပြောင်တဲ. ရယ်မောသံကြားမှာ
 ဟန်ဆောင်ခြင်းအပြုံးတွေပြုံး မပြပါနဲ့လားးး
 ငါအိပ်မက်တွေ လန့် နိုးသွားမှာစိုးလို့ပါ။



နေသွေးသစ်

ရက်ကန်းရက်မဲ့ည



တီးခတ် နေ ကျ 
ဂစ် တာသံတွေ လည်း သံစဉ်မဲ့။

ရေးလက်စ ကဗျာ တွေ လဲ 
ကာ ရန် မဲ့ နေ တယ် ။

သောက်နေတဲ့ကော်ဖီကလဲ
အေးတိအေစပ်နဲ့။

ချာ ချာ လည် တဲ့ အ တွေးများနဲ့
အခန်း လေးထဲမှာ လဲ။

တိတ် ဆိတ် ခြင် တွေ နေ ရာယူ
အ လွမ်း မိုးသဲထန်တဲ့ ည တွေ မှာ
ငါ တစ် ယောက် တည်း ပေါ့။

ဒီညသောကတွေနဲ့ ရက်ကန်းခတ်
မင်းခြုံဖို့အတွက် ပုဝါတထည်ရက်မယ်
နွေးထွေးပါစေ။

နေသွေးသစ်

အဖြူရောင် နတ်သမီးသို့ တမ်းတခြင်း(၂)


အိပ်မက် ဥယျာဉ်ထဲမှာ
ရင်ဘက်နွေးနွေးကိုဖွင့်
အဖြူရောင်ဆေးချက်တွေနဲ့
ရေလောင်း၊ပေါင်းသင်
ငါပျိုးခဲ့မိသောမေတ္တာ။

အိပ်မက် ဥယျာဉ်ထဲမှာ
ယှဉ်တွဲယုယ သမုဒယတွေနဲ့
အပြုံးတဝက်ကြွေလောက်စေမို့
ဆန္ဒတစ်စုံ ကိုယ်တိုင်ထုဆစ်
ရင်ဘက်တစ်ခြမ်း ဆက်သမိခဲ့။

အိပ်မက် ဥယျာဉ်ထဲမှာ
အဆိပ်ရနံ့တွေ မွှေးပျံ့
အပြုံးနုနု ဓါးချက်တွေရဲ့
ထိချက်တွေအောက်မှာ
ပျိုးခဲ့မိသောလက်တစ်စုံ
လွတ်မရဆွတ်ဆွတ်ယူကြုံး
အသဲကြွေပျက် လွမ်းရပြန်ပြီ။

နေသွေးသစ်(28.05.2014)

မှင်ရည် ကျဲ နေတဲ့ ငါ့ ကဗျာ

ကျိန်စာသင့်မနက်ခင်းတွေကို
အရူးတယောက်လို ကြောက်ရွှံ
ခပ်ရဲရဲသွေးတွေက (ချယ်ရီရနံ့)
မွှေးပျံ့ပျံ့ကိုတိတ်တခိုးလေးတမ်းတ
လွမ်း ရတဲ့ ည ကောင်းကင်အောက်
မင်းအတွက်ကျခဲ့ မျက်ရည် စတွေ
ပါးပြင် မှာ ခုထိ ရွှဲရွှဲစိုနေတုန်းပဲ။

ဘယ်ဆီမှာ ဘယ်ဝယ်မှာ မသိတဲ့
ငါဘ၀ပေါင်းများစွာကို စိတ်ကူးတွေ နဲ့
ထုဆစ်ပုံဖော် ရေးခြစ် ချင် မိ ခဲ့ တဲ့
မျက်ရည်မြစ် များ နဲ့ ငါ့ "က ဗျာ"
အလွမ်းတွေ မင်း မမြင်သမျှ
မှင်ရည်များ ကျဲလေသလာလို့
ငါတွေးရင်းဆွေးနေမိတယ်။

မဆုပ်မိမကိုင်မိဖြစ်နေတဲ့ ငါ့အဘိဓမ္မာ
အဓိပ္ပယ်ကိုပုံဖော်ဖဲ့ခြွေသူ က မင်း
တွယ်ရာမဲ့ငါနှလုံးသားကရွက်လွင့်
ဘ၀ရဲ့လိုအင်တွေကို လိုက်စုရင်
မှည့်နေတဲ့အသဲပြိုလှဲခဲ့တာအခါခါ
နာကျင်ကျိုးကြေပြီး လူး လှိမ့် ရင်းး
ဘဝ ရဲ့ အိပ်ရာပေါ်မှာ ခဏ တာ မှေးစက်တော့မည်။

(ချယ်ရီပန်း ရဲ့ အဓိပ္ပါယ်က တစ်နေ့နေ့တော့ ဝေးရမယ်တဲ့)

နေသွေးသစ်

ဗလာ

ဗလာစာအုပ်
အသစ်ထုတ်သောအခါ..
ရှေ့ဆုံးတစ်ရွက်ကို… 
ဗလာ ကြီးပဲထားတတ်ကြတယ်။
ဗလာစာအုပ်
ကုန်သောအခါ
နောက်ဆုံးတစ်ရွက်ကို..
ဗလာ ကြီးပဲထားတတ်ကြတယ်။
ဟိုးနောက်မှာ  ဗလာ
ဒီရှေ့မှာ  ဗလာ
ကျန်ခဲ့တာ လားး
ချန်ခဲ့တာ ။ ဗလာ။

နေသွေးသစ်

နှင်းဆီ ဖတ်သူ

အရောင်ရင့်ရင့်အပွင့်နုနုနွဲ့နွဲ့လှသည် "ပန်း"
ရနံ့မွှေးမြ သင်းရီထုံပျံ့ ရောင်စုံ လှ လို့
တိတ်တခိုးလေးမ၀ံ့မရဲတမ်းတမိသူပါကွယ် ။

ပွင့်လွှာပေါ်က ချယ်ရီရောင် မာန ရနံ့တွေ
နီနီရဲရဲ ပွင့်ချပ်ပေါ်က ဆူးထိသွေးစတွေနဲ့
ငါဖတ်မိခဲ့လို့ ဒီဘဝ အလင်းမဲ့ ခဲ့ရပြီး နှင်းဆီ ။

ညိုးနွမ်းခြောက်သွေ့မူတွေ နဲ့ဒီလူတစ်ယောက်ရဲ့
ပါးပြင်ပေါ်ကမျက်ရည်စများလွမ်းတိုင်းကြွေ၍
ရင်ခွင်ရိုင်းရဲ့လှိုင်းဒဏ်တွေကြာဝေးကွာရပေါ့။

နေသွေးသစ်

ကျဆုံးခြင်း


နှလုံးသားထဲက စူးရှတဲ့ ဝေဒနာ
ကဗျာတွေ နဲ့ ဝှတ်ထားခဲ့တယ်။
တစ်ဖက်သတ်ရင်ခုန်ပြီ
တိတ်တခိုး မျော်လင့်ချက်တွေနဲ့
ရှင်သန်နေရတဲ့ ဒီဘဝ
လွမ်းဆွတ်ခြင်းဆိုတာက
နောင်တရစရာဖြစ်နေပြီလားးးးးးးးးး
ဆန်းကြယ်သော အချစ်၌
ကျဆုံးခြင်း တွေကအမုန်းဖွဲ့ လို့
လုံးဝမညီမျှတဲ့ အခြေအနေတစ်ခုကို
ရောက်နေပေမဲ့လည်း နင်ယုံကြည်တဲ့အချိန်;
အသစ်ဖြစ်ဖိုငါတစ်ယောက် ဒီည မအိပ်တော့ဘူး။


နေသွးသစ်

အ နက် ရှိုင်း ဆုံး (ဝတ္တုတို)

ကျွန်တော်နှင့်(mr guitar) ဒီဆိုင်လေးကအလွမ်း ပန်းပေါင်းစုံဖြင့် လှပစွာ ပွင့်လန်းနေကြသည်။ ဒီဆိုင်ကလေးရဲ့ အစမှာတော့မှာတော့ အချစ် ပန်းတွေ စီတန်းစွာ ပွင့်နေသည်ကိုတွေ့ ရမည်ဖြစ်သည်။

ဤဆိုင်လေးသည် ချစ်သူနှစ်ဦးအတွက် သုခဘုံလေးတစ်ဘုံဖြစ်သလို အထီးကျန်သူတစ်ယောက်ထဲသမားများအတွက်လည်း အလွမ်းနယ်မြေဆိုင်လေးတစ်ခု အဖြစ်တည်ရှိသည်။ ကျွန်တော်အတွက်လည်း ဒီဆိုင်လေးသည် အမျိုးမျိုးသော ခံစားမှုများနှင့် အမှတ်တရများ ရှိသောနေရာလေးဖြစ်သည်။

ကျွန်တော်ချစ်လှစွာသောသူမမရှိတော့တဲ့နောက်မှာတဖြည်းဖြည်းမှိုင်းပြပြဖြစ်နေသည့်ကျွန်တော် နှင့်အမြဲသောက်နေကြကော်ဖီခါးခါး၊ရေးလက်စ စာ တစ်ချို့၊ စာဖက်ရင် မျက်မှန်ကြီးတပ်အိပ်ပျော်သွားလို့ ခနခန ကွဲးတတ်တဲ့ မျက်မှန် နဲ့ အတူ ကျွန်တော်က ညတွေကိုကျော်ဖြက်နေရတယ်။ ညနေက မာယာများလို့၊ကြယ်လေးတွေ ကို အဖော်ပြုပြီးနေရတယ် တိမ်တိုက်တို့က ကျွန်တော်အလွမ်းတွေကို ပိုလို့ တိုးစေခဲ့တယ် ။ အလွမ်းဓာတ်ခံရှိသူမို့ တိမ်တိုက်တေလေတို့နှင့်အတူ အတွေးလေပြေကြောဝယ် လွင့်မျောနေမိသည်ညကနက်သတဲ့နက်လာလေလေအလွမ်းတွေကနက်လေလေပဲတစ်ခါထဲစုပြီးထုပ်ပိုးလိုရရင်လည်းကောင်းသာ။ ဘ၀ဆိုတဲ့ဒီလောကဇာတ်ခုံကြီးပေါ်မှာကျွန်တော် က အလွမ်းဆိုတဲ့အတ္တခါးခါးတွေနဲ့ ပေါ့ ဒါကိုအရောင်ဆိုးထားတဲ့ နှလုံးသားကမာယာမျိုးစုံ လွှမ်းခြုံထားလို့လွမ်းည တွေက တာရှည်နေတယ်။မသမာတဲ့ဒီညတွေက လှည့်ကွက်တွေသုံးလို့စာနာခြင်းကင်းမဲ့စွာနဲ့အပြစ်မရှိတဲ့ ကျွန်တော် အလွမ်းသမားကြီးတစ်ယောက်ဖြစ်ခဲ့ရတယ်။လွမ်း ညတွေ လွမ်းတွေ စည်းဝါး မကျသီကျူးနေတဲ့ လွမ်းချင်းတွေ ကနက်ရှိုင်းစွာ ပုံဖေါ်ထားလို့ကမ္ဘာကျော်ပန်းချီဆရာရဲ့ စုတ်ချက်တွေတောင် အတတ ဖြစ်နေသတဲ့။

xxxxxxxxxxxxxxxxxx xxxxxxxxxxxxxxxxx xxxxxxxxxxxxxxxxx

တစ်ရက် .. တစ်ရက်နှင့် ကုန်ဆုံးသွားသည်မှာ မျက်စိတစ်မှိတ်အတွင်းတွင် (၇)နှစ်ဆိုသောကာလတစ်ခုကို ကျွန်တော်ဖြတ်သန်းခဲ့ပြီဖြစ်သည်။ ဒီ (၇) နှစ်အတွင်း ကျွန်တော်ဘာတွေလုပ်ခဲ့သလဲ ...နိုင်ငံခြာ ဆို တဲ့ရေမြေခြာမှာ နေရင်း ဘဝ ဆိုသည့် လိုအပ်ချက် အဖြေများကို စဉ်းစားခဲ့မိသည်။ သို့ သော် ဘဝ၏ ထိုးနပ်ချက်ပေါင်းများစွာကြောင့် ကျွန်တော်မပြုံးနိုင်ခဲ့ပါ။

ရုတ်တရက် နှာခေါင်းထဲ တိုးဝင်လာသော ရနံ့  .. ရနံ့ လာရာအတိုင်း ခေါင်းလေးကို လှည့်ကြည့်မိတော့ တစ်ထောင့်တစ်နေရာက သူမ အမြဲ နှစ်သက်ခဲ့သော ပန်း စံပယ် ။။။။။။။။။

xxxxxxxxxxx

“မောင် ..” သူအမြဲခေါ်နေတဲ့ ကျွန်တော်ရဲ့ နာမည်ကိုသူမတိုးတိုးလေး ညဉ်းလိုက်သည်။ သူမသည် ကျွန်တော်ထက် သုံးနှစ်ကြီးသူဖြစ်သည်။ ထို့ ကြောင့် ကျွန်တော်ကို “မောင်” ဟု ခေါ်လေ့ရှိသည်။ တွေ့ လိုက်ရင် အမြဲတမ်း တပူးပူးနှင့် ပြီးတော့ တကျက်ကျက် ရန်ဖြစ်တတ်သော ကျွန်တော်တို့ နှစ်ယောက်ကို သူငယ်ချင်းများက လက်ခါကြသည်။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် နှင့်လုံးကာပတ်နေသော ကျွန်တော်တို့ အတွက် နေ့ ရက်တိုင်းသည် လှပနေခဲ့သည်။

ဘယ်လောက် လှပတဲ့ အရာတွေဖြစ်ပါစေ တစ်နေ့ မှာ အဆုံးသတ်ရမည်မှာတော့ မလွဲဧကန်ပင်။ ကျွန်တော် နှင့် သူမ့  နှစ်ယောက်အတွက် အဆုံးသတ်ကို သယ်ဆောင်လာသူမှာ တစ်ခြားသူမဟုတ် ကျွန်တော် ကိုယ်တိုင်ပင်ဖြစ်သည်။

“ဘဝ” ဆိုတဲ့ ခေါင်းစဉ်အောက် အချစ် ကိုကျွန်တော် ရွေးချယ်ခွင့်မရှိခဲ့ပါ။ ထို နေ့ က ကျွန်တော်လက်ကို တင်းကျပ်စွာဆုပ်ကိုင်ကာ တုန်ယင်စွာဖြင့် “မသွားပါနဲ့ ” ပြောသော သူမ၏ အသံကို အခုချိန်ထိ ကျွန်တော် မမေ့။ သူမ ဘယ်လောက်တားတား ဘယ်လောက်တောင်းပန် ကျောခိုင်းကာထွက်လာခဲ့သော ကျွန်တော်ကို သူမပတ်ဝန်းကျင်က .. သစ္စာမရှိသူအဖြစ် သတ်မှတ်ခဲ့ကြသည်။

ဘဝ ပေးအခြေနေတစ်ခုကြောင့် နိုင်ငံခြာ ထွက် အလုပ်တွေ ကြိုးစားပြီးနောက် (၇)နှစ်တာအတွင်း ဒီဆိုင်နေရာလေးကို ယခု ပထမဦးဆုံးအကြိမ် ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ဒီဆိုင်လေးကတော့ ဘာမှ မပြောင်းလဲ ကျွန်တော်တို့ အတူတူ ထိုင်ခဲ့သည့် ခုံကလေးကလည်း အရင်တိုင်း သူမ နဲ့ ကျွန်တော်မြဲနားထောင်လေ့ရှိတဲ့( I NEED YOU NOW) သီချင်း က ကျွန်တော် မျက်ရည်စ တို့ ကို မထိမ်းထားနိုင်အောင်ဖြစ်ခဲ့ရပါတယ်။ တစ်နေရာတွင် “သူမ နဲ့ ကျွန်တော်” ရေးခြစ်ထားသော နရံပေါ်ရှိ စကားလုံးအတွဲလေးကိုတော့ ရှာလို့ မတွေ့ တော့ပြီဖြစ်သည်။

တစ်ချိန်က ဒီဆိုင်လေးတွင် သူက သူကြိုက်သော(လိုလီပေါ့)ကိုကျွန်တော်ကိုမှီကာ စုတ်ခဲ့ဘူးသည်။ တစ်ခါတစ်လေ စာအုပ်တစ်အုပ် နှစ်ယောက်အတူတူဖတ်ပြီး “နောက်တစ်ရွက်မလှန်နဲ့ ဦး .. မပြီးသေးဘူး” ဆိုပြီး အတင်းလုလို့  အတူတူတွဲဖတ်ဘူးသည့် စာအုပ်တိုင်းတွင် စာမျက်နှာ အပြဲလေးများ ရှိစမြဲဖြစ်သည်။ ဝင်လုဆဲဆဲ ဖြစ်နေသော နေမင်းကြီးကို ကြည့်ရင်းးးးးးးးး

xxxxxxxxxxxxxxxxxx xxxxxxxxxxxxxxxxx xxxxxxxxxxxxxxxxx

ညနေသည်ကျွန်တော်ထင်ထားတာထက်သာယာသလောက်လွမ်းစရာလည်းကောင်းနေ
သည်။ နေလုံး နီနီ ဘေးတွင် တိမ်မျှင် ရောင်စုံတို့က လွင့်ပါး နေကြတယ်။

တကယ်တော့ကျွန်တော် တို့နှစ်ယောက် အတွက် တော့ဘဝဆိုတာ ခံစားချက် ရှိမှ နေပျော်တာ။ ချစ်ခြင်း၊ မုန်းခြင်း ကင်းခြင်းသည် ချမ်းသာခြင်း တစ်မျိုး ဟု ဆိုကြသော်လည်း ချစ်ခြင်း၊ မုန်းခြင်း သည်ပင်လျှင် တစ်ဖက်မှာ လောကရဲ့ ရသတွေမို့ လူ့ဘဝ အရသာလို့ ခံယူတတ် လျှင်တော့ ဘဝ အရသာကို ခံစားရပေ လိမ့်မည်။ အခုလည်း ညနေဆိုတာက ကျွန်တော်ကို ခံစားချက်တွေ ပေးနေပြီ ကျွန်တော် ယူမလား ဖော့ချလိုက်မလား ကျွန်တော် သဘော ကျွန်တော် ပိုင်တဲ့ ဘဝပင်ဖြစ်သည်။

ယူမလား ဖော့ချလိုက်မလား ကျွန်တော် သဘောထဲ က အချို့ အချက်အရာတွေကို ကျွန်တော် ပြသခွင့်ရခဲ့ပါတယ်။ အဲလိုအတွေးစတွေကိုလိုက်ကောက်နေရင်းမှာ

မျက်ရည်များက ကျွန်တော့်ပါးပြင်ထက်မှာ စိုစွတ် အေးစက်စေသော နေ့ ပေါ့ သူမက ကျွန်တော် နှလုံးသားထဲကို ရောက်လာခဲ့သည် ။

အမှတ်ရစရာ အဲနေ့ ကမိုး တွေရွာလို့ပေါ့ထီးကိုင်ရမှာ ပျင်းတတ်သော ယောကျာ်းတစ်ယောက်ဖြစ်တဲ့ ကျွန်တော်ကို သူမကထီးကလေးကိုကပ်ဆောင်းပေးနေ
သည် ။ကျွန်တော် …သူမမိုးပေးနေသောထီးအောက်က အရသာကလေးကို…ရင်ခုန်သွားသည် ။

ကားလမ်းရှုပ်ရှုပ်ကို ဖြတ်ကူးသောအခိုက်မှာ ကျွန်တော် သူမ၏ လက်ကလေးကို ဆွဲကိုင်ထားခဲ့သည် ။

ရိုးရှင်းသော (ဆရာစံ)လမ်းထဲက (MR guitar) ဆိုင်ကလေးထဲ မှာသူမနှင့်ကျွန်တော် စကား များစွာ ပြောဖြစ်ကြသည် ။

စာအုပ်တွေအကြောင်းး

ကျွန်တော့်ကဗျာတွေ အကြောင်းးးး

ကျွန်တော် တို့ ဖတ်ခဲ့ဖူးသော အကြိုက်တူ စာအုပ်များထဲမှ အယူအဆ အတွေးအခေါ်များအကြောင်းးး

အဲဒီနောက်မှာတော့ ကျွန်တော်တို့ 

အချစ်ဆိုသော အရာ နှင့် သံယောဇဉ် ကို နွေးထွေးစွာ ဖက်တွဲမိခဲ့ကြသည် ။

ထိုညက အိမ်အပြန်လမ်းမှာ ကျွတော်တစ်ယောက် ရင်တခုန်ခုန်ဖြင့် ပြန်တွေးတော ငေးမောရန် အကောင်းဆုံး အိမ်ပြန်ခြင်းဖြစ်သည် ။

ထိုညက ကျွန်တော် အိပ်မပျော်ပါ ။

ညနက်လာလေလေ ပို တောက်ပလာလေလေ ဖြစ်သော လှပသည့် ကြယ်ပွင့်ကလေးများကို ငေးမော့ကြည့်ရင်းးးးးးးးးးးးး

အိမ်မက် တစ်ခု ကို အကောင်ထည်ဖေါ်ဖို့ ကြိုးစားခွင့်ရှိသူ ကျွန်တော်က မသေချာမသေရာတဲ့သရုပ်ဟန်ပြတွေထက်ပိုပြီးဟန်ချက်ညီအောင်ရင်ခုန်သံကြားမှာသူမ အပေါ်ထားရှိမဲ့ ချစ်ခြင်းနှင်အတူ ကြင်နာမူ့တွေ နဲ့ ပေါ့။။။။

xxxxxxxxxxxxxxxxxx xxxxxxxxxxxxxxxxx xxxxxxxxxxxxxxxxx

နောက်နေ့ မှာလည်း ထုံးစံအတိုင်း ကျွန်တော်တို့ နှစ်ယောက် အတူတူ ဆိုင်လေးဆီသို့  ဦးတည်လာခဲ့ကြသည်။ သို့ သော် ဆိုင် သို့ မရောက်ခင်

“အာ .. တကယ်ပါပဲ .. ” ပြတ်သွားသော ဖိနပ်လေးကိုကြည့်ပြီး .. သူမ တစ်ချက်ညဉ်းလိုက်သည်။ ကျွန်တော်က အလိုက်သိစွာပင် ကျွန်တော် စီး ထားသော (all star) ဖိနပ်ချွတ်ပေးကာ ..

“ရော့ … မောင် ရဲ့ ဖိနပ်အရင်စီးထား .. ”

“မောင့် နင့်ဖိနပ်စီးတော့ .. မောင် က ဘာစီးမှာလဲ”

“မောင်က ကိစ္စမရှိဘူး .. မေ အရင်ဖိနပ်စီးပြီ .. ဆိုင်မှာ စောင့်နေ .. ပြန်လာခဲ့မယ်” ဆိုပြီးအပြေးထွက်သွားသော ကျွန်တော်ရဲ့နောက်ကြောကိုကြည့်ပြီး သူမ ကျန်ခဲ့သည်။ နောက် ပြတ်သွားသော ဖိနပ်လေးကို ကောက်ကိုင်ကာ ဆိုင်လေးဆီသို
့လျှောက်သွားလေတော့သည်။ သူမ မျှော်နေသည် သိပ်မကြာလိုက် အထုတ်နှစ်ထုတ်ကိုင်ကာ ခြေဗလာဖြင့် ကျွန်တော် ပြန်ရောက်လာသည်။ ထို့ နောက်

“ဟူး .. မောလိုက်တာ”

“အဲဒါ .. ဘာတွေလဲ” သူမ တအံ့တသြမေးတော့ သူ ကျွန်တော်ကို ပြုံးကာ

“ရော့ .. ” ဆိုပြီး အထုတ်များလှမ်းပေးတော့ စိတ်ထဲတွင် သိပ်မယုံကြည့ဖြစ်နေသော သူမ ဘာတွေပေါက်ကရလုပ်လာပြန်ပြီလဲဆိုပြီးတော့ ကျွန်တော်မျက်နှာကို အလွတ်မပေးဘဲ ကြည့်နေမိသည့်သူမ။

“စိတ်ချ .. မောင် ဘာပေါက်ကရမှ မလုပ်လာဘူး .. ” ဆိုတော့ သူမ လည်း အထုတ်တစ်ထုတ်ကိုဖြေကြည့်လိုက်သည်။ ဖိနပ်တွေ .. တစ်ရံထဲမဟုတ် .. (၃)ရံလောက်ရှိသည်။ နောက်တစ်အိတ်ဖွင့်ကြည့်တော့လည်း ပထမအိတ်အတိုင်း ဖိနပ်တွေ။ သူမ ကျွန်တော့် ကို တစ်ချက်လှမ်းကြည့် လိုက်ပြီးးးးးးး

“ဒီ .. ဖိနပ်တွေက …. ”>>>>>>>>>?

။။။။။။။။။။။။။။

“မေ အတွက်လေ .. ”

“အမ် .. ဒီလောက်အများကြီး .. ” သူနားမလည်စွာဖြင့် ကျွန်တော်ကို မေးလေတော့သည်။

တကယ်တော့“သူမနဲ့ ပတ်သတ်တာမှန်သမျှ အကုန်သိတယ်လို့ ကျွန်တော်ထင်ခဲ့တာ .. အမှန်မှာတော့ ကျွန်တော်မသိသေးတဲ့ အကြောင်းအရာတွေအများကြီးရှိသေးတယ် .. အခုလို သူမဖိနပ်ပြတ်သွားတော့ ကျွန်တော်စိတ်ထဲမှာ သူမအတွက် ဖိနပ်တစ်ရံ အမြန် ပြေးဝယ်ပေးဖို့ ပဲ ရှိခဲ့တာ .. တကယ်တမ်း ဆိုင်ကိုရောက်တော့ သူမ ဘယ်လိုဖိနပ်မျိုးကြိုက်လဲ .. သူမရဲ့အတိုင်းအတာ ဘယ်လောက်လဲဆိုတာ ကျွန်တော်တစ်ခုမှမသိဘူး ..

” သူမသည် ဆံပင်များကိုအသာဖွ၍ ပြုံးကာ"

“စော်ရီး .. နောက်တစ်ခါဆို ဒါမျိုးမဖြစ်စေရဘူး”ကျွန်တော် ပြောလိုက်တော့ သူမ ပြုံးပြသည်။ နောက်ကျွန်တော်ဝယ်လာသည့် ဖိနပ်များ တစ်ရံပြီးတစ်ရံ ထုတ်ကာ သူမစမ်းဝတ်ကြည့်သည်။ တစ်ရံမှမတော် .. နောက်ဆုံးတစ်ရံ .. နီညိုရောင် ကတ္တီပါဖိနပ်လေးကိုကြည့်ပြီး ကိုက်ပမလား လို့ တိတ်တိတ်လေး ဆုတောင်းမိသည် ။

“ကျေးဇူးပြုပြီး .. ဒီဖိနပ်လေးနဲ့ ကိုက်ပါစေ”။

“အို .. ခစ် ခစ်” သူမ ရယ်လိုက်သည်။ ဖိနပ်လေးသည် သူမခြေထောက်နှင့်ကွက်တိဖြစ်သည်။ သူမပြုံးကာ ကျွန်တော့် ကိုလှမ်းကြည့်ပြီး

“ကျေးဇူး .. အရမ်းလှတယ်” ပြောတော့ ကျွန်တော် သူ မ နဖူးလေးကို ခပ်ဖွဖွလေးနမ်းလိုက်ကာကျွန်တော် ရင်ခွင်ထဲမှာ မှေးစက်နေလေတော့သည်။

ထို့ နောက် ကျွန်တော်တို့ နှစ်ယောက် ပျော်ရွှင်စွာအတူတူ ရယ်မောလိုက်ကြတော့သည်။ ထိုနေ့ က နေမင်းကြီးသည် အပျိုလေးရှက်သွေးဖြာသကဲ့သို့  ခေါင်းငုံ့ ကာ ကောင်းကင်တစ်ခုလုံး လှပစွာ နီရဲနေတော့သည်။

xxxxxxxxxx xxxxxxxxxxxxxx

တကယ်တော့ကျွန်တေယ်ဘဝကပြဇာတ်ရှည်ကြီးတစ်ပုဒ်ပါပဲကန်လန်ကာဖွင့်ပြီးတာတောင်မှကိုယ့်ဇာတ်ရုပ်ကိုယ်မသိရတဲ့အဖြစ်မျိုး။အလွမ်းတွေကများများ
ဒုက္ခတွေကများများ။မရယ်ရတဲ့လူပြက်တွေကများများနှစ်ပါးသွားချိန်မှာငိုချင်းချလိုချ
ဒီလိုနဲ့ ပဲမိုးလင်းခဲ့ရပေါင်းများပြီ။

အတိတ်တွေဟာအဆိပ်တွေလိုပြင်းရှပူလောင်နာကျင်နေပြီးနောင်တမရကြေးလို့
ကြွေးကြော်ပြီးကျောခိုင်းခဲ့ကြတယ်။

တစ်သက်မှာတစ်ကြိမ်တော့ ကံကောင်းပါရစေလို့ဆုတွေတောင်းနေပေမဲ့ဘယ်လိုမှ မဖြစ်နိုင်ရင်တောင်နှစ်သိမ့်တဲ့ စကားပဲဖြစ်ဖြစ်ငါကြားပါရစေအကောင်းဆုံးဆုလာဒ်လို့ သတ်မှတ်ပြီးကျွန်တော် အလွမ်း များ ကို ချ ကြွးနေရင်း ။

ရုတ်တရက် တိုက်ခတ်လာသော လေပြည်လေးကြောင့် လက်ဖဝါးပေါ်တွင် တင်ထားသော ကဗျာစာရွက်ကလေး လွှင့်ထွက်သွားသည်။ ခပ်ဝေးဝေးသို့  ကျသွားသော စာရွက်ကလေးကို လှမ်းကြည့်ရင်း

“တကယ်ပါပဲ .. လေညင်းကလေး တစ်ဝှေ့ကြောင့်ဆတ်ကနဲ ယိမ်းကသွားတဲ့ စပါးပျိုးခင်းလိုမင်းမျက်တောင် တစ်ခတ်ဟာဆွံ့ “အ” နေတဲ့ ဒုက္ခိတ ကျွန်တော်ကို "ချစ်တယ်" လို့ ဒုတိယအကြိမ်ပြောခွင့်မရတော့ ဘူး။

---------------------------------------------------------------------------------------------------

ကျေးဇူးတင်လျှက်





နေသွေးသစ်

လျို့ ဝှက် "ကဗျာ"

တဖြေးဖြေး "မ"အလှတွေကနယ်ချဲ့လာရင်း
တမ်းတယစ်မူးမဖွဲ့တတ်မနွဲ့တတ် ငါ ကဗျာ။
တစ်ယောက်ထဲ ငြိမ်သက်ပြီးတော့
တိတ်ဆိတ်လို့ နားထောင်မိနေတုန်း
နှင်းဆီ ပန်းတွေ ချောကလက်တွေက
ငါမျှော်လင့်ချက် လက်တစ်ဆုပ်စာကို
မီးရှို့နေတော့ ခက်ထန်လွန်းတယ်ကွာ။
မျက် လုံး နက် နက် တွေ နဲ့ ကြည့် ပြီး
အ မှောင် ထဲ ကိုတ ရိ ရိ နဲ့ ဆွဲ ခေါ်နေလို။
ငါခွန်အားများက တုနှိုင်းရာမဲ့ခဲ့ပြီလေ။

ဖွင့်ပြောကောင်း မပြောကောင်း
စိတ်ကို အကြိမ်ကြိမ် ထိန်းထားလည်း
တွေးမိလေတိုင်း ကြွေကာပြုန်းကျ
လွမ်းရက်များကလွမ်းမောခြင်းတို့ဝေးကာပြုံးပြ
ဒီအချိန်ရောက်မှတမ်းတ တတ်ခဲ့လို့
"မ" ရဲ့ စိတ်နဲ့လွင့်ခဲ့လို့တိမ်များကြာမှာ
ငါဟာ ငိုကြွေးရင်းနဲ့ ဆုတောင်း






နေသွေးသစ်

ပုံဖော် "မျက်ရည်"

အတ္တ ကြီးစွာနဲ့မျက်ရည်တွေကအခါခါ
ပြုံးပျော်ဖို့  ကြိုးစားရင်း တစက်တစက်
ကြွေကျ နေတဲ့ ခတ်သံ တွေကမဆုံး
အသစ်အသစ်ဟစ်ခေါ်တတ်နေတဲ့
နှလုံးသား က မာန ကို အံ မ တုနိုင်
သံပြိုင်းရွတ်ဆိုနေတဲ့ အလွမ်း တေး
မုန်းတီး ဝမ်းနဲ လမ်းခွဲ မူ့တွေကြောင့်
နှစ်ချို့ အတွေး တွေ က့  မှိုတက်စပြုနေပြီ။

မျက်နှာမှာ အပြုံး နှလုံးသားမှာ မျက်ရည်
ဒီအတွက် အသိတရားက နောင်တ
လေလွင့်နေတဲ့သူ အတွေးအခေါ်တွေနဲ့
တဝဲလည်လည် နေ့ တွေ ည တွေက
အတိတ်ကိုဆွဲဆွဲ ထုပ် လို့ ငါ ငြိုညင်နေမိတယ်။

အရာရာမှာပူပင်တတ် တဲ့ အရင်ကငါ
အခု တောက်၂ကျနေတဲ့မျက်ရည်တွေကို
တစ်ခါလောက် နင့် ကိုကျဖူးစေချင်တယ်။
မျက်ရည်အရှုံးသမား တစ်ယောက် ငါ
တဖြည်းဖြည်း ဝေးကွာသွားတဲ့ အခါ
အလင်းပျောက်တွေကြာမှာ မနေသာမထိုင်သာ
ဆွဲမိဆွဲရာ ဆွဲလို့  ခြယ်မိ ခြယ်ရာ ခြယ်ခဲ့သူပါ
ဒီလိုနဲ့ နေ့ရက် တိုင်းမှာ ငါမျက်ရည် တွေက
ပုံဖော် တတ်စပြုနေပြီ။

နေသွေးသစ်

နေရာလေးတစ်ခု


အထီးကျန် ဝမ်းနည်းတဲ့အခါ
အိပ်မက်ကောင်းကင်ကြီးကိုကြည့်
အေးစိမ့်စိမ့် လေပြည်ငယ် က
အစိမ်းလိုက်ဖဲ့ခြွေတော့
ဝေးနာတွေ ပြိုကျလို့
အထီးကျန် နေ့ရက် တွေ ကို
ငါထိုင်ငေးခဲ့ ဖူးတယ်။
ဝိုးတဝါး မျော်လင့်ချက်တွေကို
အသက်ပြန်ရှင်ဖို့ တွက်
ခံစား ချက် အစစ်မှန်တွေ
ပြန်လည်ထုဆစ်ရအုံးမယ်။
တစ်နေ့တော့ရောက်မဲ့
နေရာတစ်ခုကိုတမ်းတလို့
အရာရာကိုအမြဲသိမ်ငယ်နေတတ်တဲ့
ဒီနှလုံးသား ကအရင်လိုပြန်ဖြစ်မယ်ဆိုရင်
ကမ္ဘာကြီး သာယာ လှပနေတော့မည်။


နေသွေးသစ်

စံပယ် ရနံ့

အေးမြတဲ့နံနက်ခင်
နေခြည်ဖြာချိန်
ရနံ့ရယ်ခုန်ဆော့
သင်းရနံ့တွေ ကြူ
ဖြူဖြူဖွေးတဲ့ ပန်း
သွဲ့ သွဲ့ နွဲ့ နွဲ့ သူ့အလှ
လေပြေ အဝှေ့မှာ
သင့်ရနံ့ မွှေးမြမြ
ခိုးလို့နမ်းချင်စဖွယ်။

စံပယ်တွေလှိုင်လှိုင်
အစဉ်ဖွေးဖြူမွှေးကြူ
နုတ်ငုံလို ဖြူလွှဖြူစင်
တင့်တယ်လို့ မွှေး
တမ်းတမ်းတတရှိရပေါ့လေ။




နေသွေးသစ်

ကြင်ကြင်နာနာ

လုံးသားရင်မှ
ဖူးပွင့်လာသော
ညှိုးနွမ်းနေသည့်
ရင်တွင်းပန်းလေး
ငါရင်ခွင်ကိုလှုပ်ခါဖို့
ယုယ . ကြင်နာ့ 
မြတ်နိုး ခြင်းတွေက
အဝေး ဆီ က
ပစ်လွှတ်လိုက်တဲ့
မြှားတစ်စင်းပမာ။
ထိနာ ရှနာ တော့
ဒီအာရုံ ပျက်စီးရပြီလေ။
အကြင်နာရယ်မြူဆွယ်တော့
သာယာစွာတိုးတိတ် လို့
ခံစားမှု့ တပိုင်း တစ က
ဒဏ်ရာတွေ ကြားနေသလို။
အားဆေးတစ်ခွက်
ကြင်ကြင်နာနာပေးပါတော့ ။။။။။။အကြင်နာရယ် ။

နေသွေးသစ်

ဆောင်းရာသီ

အဖြူရောင်နံနက်ခင်းနဲ့အတူ
ဆောင်းရာသီ နှင်းတွေကြားမှာ
မြန်မာပြည်ကိုအမှတ်ရစေလို့
သတိရခွင့်တော့ ပေးလှည့်ပါ။
အအေးချိန်လွန်ကဲမှုနဲ့အတူ
ကမ္ဘာမြေပြင် တစ်ဖက်ကနေ
သေခြင်းမဲ့ "အသည်းနှလုံး "က
ကျော့မော့သော ဆောင်းရာသီ ကို
"အံတု" ရေးခြစ်မိတော့လွမ်းခြင်း
မျော်လင့်ခြင်းဆောင်းရာသီမှာ
ရင်ထဲ ဖူးပွင့်နေသောနှင်းငွေ့တွေ
အေးစက်မူ့ရဲ့ရှေ့ကတိုက်ခက်နေတဲ့
" လေ" ဆောင်းရာသီကို ချွေချသွားလို့
ကြွေကျနေတဲ့ နှင်းပွင့်လေးတွေ
အော်။။။ဆောင်းရာသီ။။ဆောင်းရာသီ
ချူချ ။ ချွေချ ။ ဆွဲဖဲ့ချလို့
"လွမ်း" ခြင်း တွေ လဲ အေးစက် နေသည်။



နေသွေးသစ်

ကြိုးတမျှင် (၁)

အလွန်တရာချိုမြိန်လှတဲ့
နှုတ်ခမ်းနီမလေးရဲ့အနမ်း
ဒုက္ခရဲ့ နိဒါန်း သောကရဲ့ မြစ်ဖျား
အလွမ်းရဲ့ ဗဟို မှာ သူနဲ့
နှစ်ယောက်ထဲရှိတဲ့အခါ
လျှိ့ဝှက်ချက်တစ်ခုရဲ့
အဓိပ္ပါယ်ကို ပုံဖော်။
ခေါင်းစဉ် မရှိတဲ့ စာတစ်ပုဒ်။
အချိန်မှီ; အလွမ်းတေး ကို
ပြင်ဆင်နိုင်ဖို့ အိပ်ဆေးးး
ငါကဗျာ ထဲ ထည့် ရေးးး
အမှန်းဆိုတဲ့ မီးကိုဖန်တီးးးး
နံရံပါးပါးခြာမှာ ကျောခြင်းကပ်
ရှုံးနှိမ့်သူရဲ့ ရနံ့ တွေ
အဆိပ်မွှေ့ တွေ လိုသင်းပျံ့။
မှေးမှိန်လာခဲ့သည့်မြူတွေနဲ့
မိတ်ဖွဲ့အတ္တ ကြိုးတမျှင်မျှရရှိ။
စုံလွန်လှသည့် "အသဲ"
နောက်ဘာဆက်ဖြစ်မလဲ။




နေသွေးသစ်

သဘာဝအလှတရား





ညနေ နေလုံးကြီးဟာတောင်စွယ်မှာတိုးဝင်အိပ်စက်ဖို့ တစ်ရွေ့ရွေ့လျှော့စင်း
လာလိုက်တာ နောက်ဆုံးလက်ကျန်အလင်းရောင်ကို အုံ့အုံ့ဆိုင်းဆိုင်းရှိနေ
တဲ့ တိမ်တိုက်တွေကိုပေးကမ်းဖို့ သူ့တာဝန်ကိုအစွမ်းကုန်ကြိုးစားရင်း လွမ့်စိမ့်
အရောင်အသွေးတွေက ယှက်ဖြာနေတယ်..။သူပေးလိုက်လိုက်တဲ့ အဖြူရောင်ဟာ
တိမ်တိုက်တွေနဲ့ အတွေ့မှာခန့်ညားမှူတွေပါတဲ့မဟော်ဂနီ ပြတ်သားစွာ တစ်ဦးတည်း
ရပ်တည်နေတတ်တဲ့ မဟူရာ မင်းသမီးလေးလိုရှက်သွေးတွေ ဖြာနေတတ်တဲ့ပန်နု
ရောင် အားလုံးဟာ သ့နေရာနဲ့သူနေသားတကျ ယိမ်လိုက်ကလိုက်နဲ့ နေဝန်ကြီးက
အလင်းရောင်ကိုဆေးရောင်ခြယ်ပြီး ကပြေနေလိုက်ကြတာ..။

တောင်တန်းတွေရဲ့ အောက်မှာတည်တည်ငြိမ်ငြိမ်ရှိနေတဲ့ ကန်ရေပြင်အပေါ်ကို ပန်ချီကား
တစ်ချပ်လိုရေးဆွဲနေလိုက်တာ တိမ်ရဲ့သဏ္ဍန်တွေဟာလေ မြူဆိုင်းလုဆဲဆဲတောင်ခြေမှာ
သိပ်ကိုခမ်းနားလွန်းလှတယ်..။အိပ်တန်းပျံငှက်ငယ်လေးတွေရဲ့ ကျီးစယ်ကလူအသံဟာ
တောင်တန်းတွေရဲ့ ညှို့ဆိုင်းမှူနဲ့ ပနာတင့်တယ်တယ်..။သူု့တို့လေးတွေ အာရုံတတ်ကိုကြို
ဆိုဖိုဒီတောင်းတန်းတွေ မှာအားယူမှေးစက်နေတော့မယ်.။

ကန်ရဲ့တဘက် တောင်ရဲ့အောက်ခြေက စိမ်းမြမြလယ်ကွင်းဆီမှ ဖြတ်တိုက်လာတဲ့
လေနုအေးဟာ ကန်ရေပြင်ကိုညီညာစွာ လှိုင်းတွန့်ကလေးတွေဖြစ်စေတဲ့ ပုံရိပ်ဟာ
အကျဉ်တန်သူတောင်လှသွားနိုင်တဲ့ တိမ်တောင်တွေနဲ့ရှူမောမဆုံးဘူး.။စိမ်းမြမြ
စပါးပင်တွေဟာ ယိမ်းကနေလိုက်တာများ မြင်ပျိုမလေးလို တတ်ကြွလိုက်တာ.။လယ်
ကွင်းရဲ ဟိုဘက်နားဆီ ခပ်ယွန်းယွန်းလေးမှာ ခပ်ပါးပါးလေးပေါက်နေတဲ့ မြက်ခင်း
ပြင်ဟာ တောင်မှာဆိုင်းနေတဲ့ မြူတွေရဲ့အအေးဓါတ်အရသာကို ခံစားမိလို့ထင်ပါရဲ့ စွတ်
ဆိုနေသယောင်ယောင်..။

အရှေ့မှာရှိနေတဲ့ကန်မှာတော့ ဘေးတစ်ဝိုက်မှာ သူ့အလိုအတိုင်း လွတ်လပ်စွာပေါက်နေတဲ့
ဗေဒါရောင်ပန်းတစ်ချို့ရယ် ကြက်သွေးရောင်ပန်းတစ်ချို့ရယ်ဟာ ကန်ရေရယ် လတ်ဆတ်တဲ့
လေရယ်ကြောင့် တော်တန်းတွေ တောအုပ်တွေကြားမှာ လှချင်တိုင်းကိုလှနေတော့တယ်.။
ပန်ပွင့်လေးတွေအောက်မှာ ပေါက်နေတဲ့အစိမ်းရောင် မြက်ပင်လေးတွေဟာ ဗေဒါရောင် ကြက်
သွေးရောင် ပန်ပွင့်လေးတွေလောက်မလှပေမယ့် သူ့အရည်အချင်းဟာလည်း ပန်းလေးတွေ
အတွက် ကြည့်နေတဲ့သူကိုတစ်မျိုးတစ်ဖုံ အလှတွေရှိကိုခေါ်ဆောင်ရာမှာ ပံပိုးလို့နေတယ်.။

ဒါတွေအားလုံးဟာ လောကကြီးထဲမှာပဲ ရှိနေတဲ့သဘာဝ ပန်းချီကားတစ်ချပ်....
လူသားတိုင်းခံစားလို့ မကုန်နိုင်တဲ့ သဘာဝအလှတရား။



( ကျတော် ကွန်ပျူတာ မှာ WALL PAPER တင်ထားတဲ့ အလှပုံလေးကိုကြည်နေရင်းရေးလိုက်မိတာပါ။ )


နေသွေးသစ်