Saturday, June 7, 2014

သစ်ရွက် အတွက်မှတ်ချက်


မျက်ဝန်းတစုံက
နှလုံးသား ကိုထိ
ငါရဲ့စိတ်ကို
ရိုက်ခတ် သွားစေတဲ့
ဒီသစ်ရွက် အတွက်
မှတ်ချက်
နှလုံးသားကလဲကြွေ
သစ်ရွက်လေးလဲကြွေ
တချိန်က
သစ်ခက်
သစ်ရွက်တွေ ဝေပြီ
လှပတဲ့ ပန်းပွင့်တွေ က
ငါအတွက်တော့
ဆေးဖက်ဝင်ခဲ့သည်၊
ငါ ဆိုတဲ့သစ်ရွက်လေး
မုန်တိုင်းထန်
လှိုင်းဒဏ်တွေကြား
ကြွေချိန်မစောဖို့
ငါမျှော်လင့်ခဲ့တယ်
ကြွေလွင့်သွားတဲ့
သစ်ရွက်ကိုတမ်းတရင်း
မျက်ရေသောက်နေရတဲ့
ညလက်ကျန်တွေ၊
ငိုကြွေးနေကြတဲ့
သူတွေရယ်
သာယာနေတဲ့သူတွေရယ်
လေလွှင့်ငှက်ရဲ့တေးသံရယ်
ငါကြားနေရပြီနောက်၊
အနှစ်တစ်သန်းမှာ
တစ်ခါပဲ ပွင့်မယ့်
ပန်းကို ဒီသစ်ရွက်လေးကြည့်ပြီ၊
ငါစောင့်နေရတော့မည်၊


နေသွေးသစ်

No comments:

Post a Comment