နားထောင်နိုင်စွမ်း
မရှိတော့တဲ့ငါရင်ခုန်သံတွေ
ကောင်းကင်မှာ တွေ့ရှိရဲ့လား
မြင်နိုင်မယ်ဆိုတစ်နေရာက
တစ်ချက်လောက် ကြည့်
ပင်လယ့် ဘေးမှ
ထွက်ပြေးသွားတဲ့ငါ
သံယောဇဉ်တွေ
အယောင်ဆောင်ထားတဲ့
အချစ်တွေ နဲ့ အတူ
အခုတော့ ညတွေဆိုလွမ်းနေတတ်ပြီ၊
ငါဘဝ၇ဲ့ မီးပြတိုက်
မင်းမရှိတော့တဲ့နောက်
လ တစ်ခြမ်းနဲ့
ငါ့  တစ်ကိုယ်ရည် လင်းလက်နေရတယ်ဘဝ
တမ်းတမိတယ် အရင်ချိန်တွေက
လွင်ပြင်ကျယ်မှာ
ပျံနေတဲ့ ငှက်ကလေးတွေအတိုင်း ၊
ငါရဲ့ခရမ်းနုရောင်းအိပ်မက်ထဲ
နတ်သမီး မင်းနဲ့
အရာအားလုံးပြည်.စုံခဲ့တယ်
အခုတော့ ငါ
ခြေစုံ ရပ်နေရပြီ၊
....................နတ်သမီးသို့
နေသွေးသစ်
No comments:
Post a Comment