Saturday, June 7, 2014

"မ"


တောင်းဆုတွေ
မပြည့်ခဲ့တဲ့
ဒီနံနက်ခင်းက
မိုးသောက်ခဲ့လေပြီ။
မသေချာတဲ့
အတိတ်
မရေရာတဲ့
အနာဂတ်
ကြိုးစားနေတဲ့
ပစ္စုပန်နဲ့ အတူ
လက်ဆတ်နေတဲ့
ဒီနှလုံးသား
တစ်စုံ က“မ” အတွက်
မဖြစ်သင့်ဖူးလားးး
မျှော်လင့်တောင့်တခဲ့ဖူးတဲ့
နေ့ ရက်လေးတွေ
အတွေးမှာနယ်ချဲ့လို့
ကျော်ဖြတ်ရင်း
ဆုံတွေ့ရမယ့်နေ့လေးတွေကို
စောင့်မျှော်ရင်း
အကြင်နာ ယုယမှု
အချစ်များစွာက "မ" အတွက်ပါ။




နေသွေးသစ်

No comments:

Post a Comment