Saturday, June 7, 2014

သံယောဇဉ်အမျှင်တဲ့လား "နွယ်"

ဒဏ်ရာတွေအထပ်ထပ်ရဲ့
ခြေရာဟောင်းတွေက
ပဉ္စလက်ဆန်သော
အိပ်မက်တွေကို
ရစ်ပတ်နှောင်တွယ်ပြီး။
မက်စေခဲ့သူ "နွယ်"
ဒီလိုနဲ့ နေ့ရက်တွေက
ဟန်ဆောင်တတ်တဲ့
ကမ္ဘာကြီးကိုအသနားခံ
မျက်လုံးကို စုံမှိတ်
ခေါင်းငိုက်စိုက်ရင်း
မျက်ဝန်းထဲမှာ
ပြည့်လျှံနေတဲ့
မျက်ရည်တွေကို မသုတ်နိုင်
ယုံကြည်ချက်တွေကို
သံယောဇဉ်ဆိုတဲ့ကြိုးနဲ့
မိတ္တူကူး ဖျက်ချိုးခဲ့ပြီးမှ
သံယောဇဉ်အမျှင်တဲ့လား "နွယ်"




နေသွေးသစ်

ဖူး တဲ့အိန်ဂျယ်


ယဉ်ယဉ်လေး
ပြုံးတတ်တဲ့ 
ပန်းသခင်ကို
ခွင့်ပန်လို့
ပွင့်လွှာတွေ
သီကာကုံး
မမုန်းပါနှင့်လေ
ပင်ယံနန်းထက်
စံမြန်းတဲ့ပွင့်ဖူးးး
ငှားငှားစွင့် စွင့် 
တင့်တယ်နေတဲ့ 
ရနံ့တစ်ပွင့်တစ်လွှာ
ခါတော်ပေးလို့
အတွေးမှာရှိ
စိတ်ကူးမှာမြင်
ပန်းတို့အပြုံးသည်သာ
ရင်ထဲက အလှဆုံး။




နေသွေးသစ်

ပါဝါ

မျက်မှန်ပါဝါ
တတ်တာထက် 
လူပါဝါတတ်တာကပိုပြီး
ကြောက်စရာ
ကောင်းနေတယ်၊
အဲဒီလူတွေက
ကမ္ဘာကြီးဖျားနာနေတာ
သူတို့မသိကြဘူး၊
ဘေးကကွေ့ရှာင်သွားပြီး၊
ကျေနပ်နေတဲ့လူတွေ၊
သူတို့အစိတ်စိတ်
အမွှာမွှာဖြဲပစ်လိုက်တဲ့
စာရွက်တွေကို၊
ဒီအတိုင်းထားတော့မှာလား၊
တစ်သက်တာ
ပတ်လုံး ဖတ်ခဲ့ ရတဲ့ မြန်မာစာ
ပြည်သူ လက်ထဲကို
မရောက်သေးပါလား၊




နေသွေးသစ်

သစ်ရွက် အတွက်မှတ်ချက်


မျက်ဝန်းတစုံက
နှလုံးသား ကိုထိ
ငါရဲ့စိတ်ကို
ရိုက်ခတ် သွားစေတဲ့
ဒီသစ်ရွက် အတွက်
မှတ်ချက်
နှလုံးသားကလဲကြွေ
သစ်ရွက်လေးလဲကြွေ
တချိန်က
သစ်ခက်
သစ်ရွက်တွေ ဝေပြီ
လှပတဲ့ ပန်းပွင့်တွေ က
ငါအတွက်တော့
ဆေးဖက်ဝင်ခဲ့သည်၊
ငါ ဆိုတဲ့သစ်ရွက်လေး
မုန်တိုင်းထန်
လှိုင်းဒဏ်တွေကြား
ကြွေချိန်မစောဖို့
ငါမျှော်လင့်ခဲ့တယ်
ကြွေလွင့်သွားတဲ့
သစ်ရွက်ကိုတမ်းတရင်း
မျက်ရေသောက်နေရတဲ့
ညလက်ကျန်တွေ၊
ငိုကြွေးနေကြတဲ့
သူတွေရယ်
သာယာနေတဲ့သူတွေရယ်
လေလွှင့်ငှက်ရဲ့တေးသံရယ်
ငါကြားနေရပြီနောက်၊
အနှစ်တစ်သန်းမှာ
တစ်ခါပဲ ပွင့်မယ့်
ပန်းကို ဒီသစ်ရွက်လေးကြည့်ပြီ၊
ငါစောင့်နေရတော့မည်၊


နေသွေးသစ်

အဖြူရောင် နတ်သမီးသို့ တမ်းတခြင်း(၁)




နားထောင်နိုင်စွမ်း 
မရှိတော့တဲ့ငါရင်ခုန်သံတွေ
ကောင်းကင်မှာ တွေ့ရှိရဲ့လား
မြင်နိုင်မယ်ဆိုတစ်နေရာက
တစ်ချက်လောက် ကြည့်
ပင်လယ့် ဘေးမှ
ထွက်ပြေးသွားတဲ့ငါ
သံယောဇဉ်တွေ
အယောင်ဆောင်ထားတဲ့
အချစ်တွေ နဲ့ အတူ
အခုတော့ ညတွေဆိုလွမ်းနေတတ်ပြီ၊
ငါဘဝ၇ဲ့ မီးပြတိုက်
မင်းမရှိတော့တဲ့နောက်
လ တစ်ခြမ်းနဲ့
ငါ့  တစ်ကိုယ်ရည် လင်းလက်နေရတယ်ဘဝ
တမ်းတမိတယ် အရင်ချိန်တွေက
လွင်ပြင်ကျယ်မှာ
ပျံနေတဲ့ ငှက်ကလေးတွေအတိုင်း ၊
ငါရဲ့ခရမ်းနုရောင်းအိပ်မက်ထဲ
နတ်သမီး မင်းနဲ့
အရာအားလုံးပြည်.စုံခဲ့တယ်
အခုတော့ ငါ
ခြေစုံ ရပ်နေရပြီ၊

....................နတ်သမီးသို့

နေသွေးသစ်

"မ"


တောင်းဆုတွေ
မပြည့်ခဲ့တဲ့
ဒီနံနက်ခင်းက
မိုးသောက်ခဲ့လေပြီ။
မသေချာတဲ့
အတိတ်
မရေရာတဲ့
အနာဂတ်
ကြိုးစားနေတဲ့
ပစ္စုပန်နဲ့ အတူ
လက်ဆတ်နေတဲ့
ဒီနှလုံးသား
တစ်စုံ က“မ” အတွက်
မဖြစ်သင့်ဖူးလားးး
မျှော်လင့်တောင့်တခဲ့ဖူးတဲ့
နေ့ ရက်လေးတွေ
အတွေးမှာနယ်ချဲ့လို့
ကျော်ဖြတ်ရင်း
ဆုံတွေ့ရမယ့်နေ့လေးတွေကို
စောင့်မျှော်ရင်း
အကြင်နာ ယုယမှု
အချစ်များစွာက "မ" အတွက်ပါ။




နေသွေးသစ်

အလွမ်း ” နဲ့ဖတ်အိပ်တဲ့ည



ဘယ်ဘက်ရင်ညွန့်မှာရှိတဲ့
နှလုံးသားထိရောက်အောင်ရှိုက်သွင်းလိုက်တဲ့  (စကား)
မောင့်ကိုအရမ်းချစ်တာပဲတဲ့၊
တမ်းတနေမိတယ်အခုအချိန်ထိပေါ့
အဝေးတစ်နေရာက
ချစ်သူရဲ့အပြုံးကိုနေရာဒေသတွေမတးညီပေမဲ့
ရိုက်ခတ်တဲ့နှလုံးသာတွေက
မင်းမှာတစ်ဝတ်ငါမှာတစ်ဝတ်နဲ့
မသိမသာရှင်သန်နေကြတယ်၊
အဲ့အချိန်က တစ်ယောက်နဲ့ တစ်ယောက်
မမြင်နိုင်ကြပေမဲ့ကော်ဖီတွေအတူတူသောက်ခဲ့ကြတယ်
မှတ်မှတ်ရရမိုးတွေလဲရွာ လို့ ပေါ့
face to face ဆိုတဲ့ အကြည့်တွေ နဲ့
ရှင်သန်နေခဲ့တာသိနိုင်မလားချစ်သူ၊
အခုတော့ မင်းအမြဲခေါ်ခဲ့တဲ့ မောင် ဆိုတဲ့
ငါ တစ်ယောက်အမြဲတမ်းတွေး
ချစ်သူမင်းရဲ့အကြောင်း
တစ်နေ့မတွေ့ရရင်မနေနှိုင်
နေ့တိုင်းကြားချင်နေမိတယ်
ချစ်သူမင်ရဲ့အသံလေး..
ဒီနေ့အဖို့တော့ခြောက်ကပ်တိတ်ဆိတ်မူတွေ့နဲ့ 

မနေ့ကတွေ့ခဲ့ရတဲ့ ( vzo ) ထဲက ချစ်သူမျက်နှာလေး
တဒိတ်ဒိတ်ခုန်ခဲ့တဲ့ ငါနှလုံးသားဒီနေ့အဖို့တော့
ငြိမ်သက်တိတ်ဆိတ်
နှင်းမရှိတဲ့လမ်းအခင်းမရှိတဲ့ကြမ်းလိုပဲ
ပရမ်းပတာနဲ့လွမ်းစရာကောင်းလိုက်တာ ကွာ
ချစ်သူရယ်မင်းရဲ့အပြုံး ပြန်လည် “ တမ်းတ ”လို့ဝေးနေကြရတဲ့ “ တစ်ခဏတာ” မှာတော့
အခါခါသတိရတိုင်း
လွမ်းမျက်ရည်တွေလည်း “ ဝဲ ” နေဆဲပေါ့ ….
ချစ်သူရယ် တခါတလေ
ဖုန်းပြောပြီလို့
ဖုန်းချတော့မယ်ဆိုရင် ချစ်သူ မင်းပဲအရင်ချခိုင်းခဲ့တယ်
မင်းထားခဲ့တာပဲ ဖြစ်စေချင်လို့ပါပြောပြီးလို့ရှိရင်
တစ်ခုခုပြောခဲ့ပါလား လို့ ငါအမြဲတောင်းဆိုခဲ့တယ်နော်
အခုထိ မင်းပြောနေကြစကားကိုကြားရောင်ရင်နဲ့
ဟူးးးးးးးးးး ဒီတစ်ညလဲ “ အလွမ်း ” နဲ့ဖတ်အိပ်ရအုံးမှာပါလား ….


နေသွေးသစ်