Saturday, June 7, 2014

နေရာလေးတစ်ခု


အထီးကျန် ဝမ်းနည်းတဲ့အခါ
အိပ်မက်ကောင်းကင်ကြီးကိုကြည့်
အေးစိမ့်စိမ့် လေပြည်ငယ် က
အစိမ်းလိုက်ဖဲ့ခြွေတော့
ဝေးနာတွေ ပြိုကျလို့
အထီးကျန် နေ့ရက် တွေ ကို
ငါထိုင်ငေးခဲ့ ဖူးတယ်။
ဝိုးတဝါး မျော်လင့်ချက်တွေကို
အသက်ပြန်ရှင်ဖို့ တွက်
ခံစား ချက် အစစ်မှန်တွေ
ပြန်လည်ထုဆစ်ရအုံးမယ်။
တစ်နေ့တော့ရောက်မဲ့
နေရာတစ်ခုကိုတမ်းတလို့
အရာရာကိုအမြဲသိမ်ငယ်နေတတ်တဲ့
ဒီနှလုံးသား ကအရင်လိုပြန်ဖြစ်မယ်ဆိုရင်
ကမ္ဘာကြီး သာယာ လှပနေတော့မည်။


နေသွေးသစ်

No comments:

Post a Comment