Saturday, June 7, 2014

ပါဝါ

မျက်မှန်ပါဝါ
တတ်တာထက် 
လူပါဝါတတ်တာကပိုပြီး
ကြောက်စရာ
ကောင်းနေတယ်၊
အဲဒီလူတွေက
ကမ္ဘာကြီးဖျားနာနေတာ
သူတို့မသိကြဘူး၊
ဘေးကကွေ့ရှာင်သွားပြီး၊
ကျေနပ်နေတဲ့လူတွေ၊
သူတို့အစိတ်စိတ်
အမွှာမွှာဖြဲပစ်လိုက်တဲ့
စာရွက်တွေကို၊
ဒီအတိုင်းထားတော့မှာလား၊
တစ်သက်တာ
ပတ်လုံး ဖတ်ခဲ့ ရတဲ့ မြန်မာစာ
ပြည်သူ လက်ထဲကို
မရောက်သေးပါလား၊




နေသွေးသစ်

No comments:

Post a Comment