Saturday, June 7, 2014

လျို့ ဝှက် "ကဗျာ"

တဖြေးဖြေး "မ"အလှတွေကနယ်ချဲ့လာရင်း
တမ်းတယစ်မူးမဖွဲ့တတ်မနွဲ့တတ် ငါ ကဗျာ။
တစ်ယောက်ထဲ ငြိမ်သက်ပြီးတော့
တိတ်ဆိတ်လို့ နားထောင်မိနေတုန်း
နှင်းဆီ ပန်းတွေ ချောကလက်တွေက
ငါမျှော်လင့်ချက် လက်တစ်ဆုပ်စာကို
မီးရှို့နေတော့ ခက်ထန်လွန်းတယ်ကွာ။
မျက် လုံး နက် နက် တွေ နဲ့ ကြည့် ပြီး
အ မှောင် ထဲ ကိုတ ရိ ရိ နဲ့ ဆွဲ ခေါ်နေလို။
ငါခွန်အားများက တုနှိုင်းရာမဲ့ခဲ့ပြီလေ။

ဖွင့်ပြောကောင်း မပြောကောင်း
စိတ်ကို အကြိမ်ကြိမ် ထိန်းထားလည်း
တွေးမိလေတိုင်း ကြွေကာပြုန်းကျ
လွမ်းရက်များကလွမ်းမောခြင်းတို့ဝေးကာပြုံးပြ
ဒီအချိန်ရောက်မှတမ်းတ တတ်ခဲ့လို့
"မ" ရဲ့ စိတ်နဲ့လွင့်ခဲ့လို့တိမ်များကြာမှာ
ငါဟာ ငိုကြွေးရင်းနဲ့ ဆုတောင်း






နေသွေးသစ်

No comments:

Post a Comment